Part(2)
မှောင်မဲနေတဲ့ ဂူတစ်လုံးရဲ့ ကြမ်းပြင်မှာ လူတစ်ယောက် ကြိုးတုပ်ခံထားလျှက်သား လဲကျနေသည်။ ခြေလက်နဲ့ ကိုယ်လုံးမှာပါ ရုန်းမရလောက်အောင် တင်းတင်းကြပ်ကြပ်ကြိုးတုပ်ခံထားရတာမို့ မြင်ရသည့်မြင်ကွင်းမှာ ကျောက်စက်ပန်းဆွဲတွေကျနေသည့် ဂူအမိုးသို့သာ။ ထို သနားစရာလူသားမှာ မင်းတို့ရဲ့ ဇာတ်လိုက်ကျော်ကြီး လူးကပ်စ်။ လူးကပ်စ် ကိုယ်တိုင်သတိထားမိသလောက် သူ နိုးမလာခင်ကအထိ သတိမေ့လျှက်သား ကြိုးတုပ်ခံထားရတာဖြစ်လိမ့်မယ်။ ကြိုးစားရုန်းကန်ကြည့်သော်လည်း အရာမထင်။ ခြေသံလိုလို ဘာလိုလို ကြားလိုက်တာမို့ လူးကပ်စ် မရုန်းတော့ဘဲ အသာငြိမ်ကာ ကြမ်းပြင်ပေါ် ပြန်လှဲလိုက်သည်။ တစုံတစ်ယာက်သူ့ထံလာနေတယ် ။ နီးကပ်လာတဲ့ ခြေသံပေမယ့် ဘာမှ မမြင်ရသေးတာ ထူးဆန်း၏။
မိဖုရားငယ် သတိရလာပြီလား
ရုတ်တရက် နားနားကပ်ပြီးထွက်ပေါ်လာသည့် အသံကြောင့် လူးကပ်စ် အလန့်တကြား ခေါင်းမော့ကြည့်လိုက်သည်။ မမြင်ရ။ မှောင်လွန်း မည်းလွန်းသော မီးခိုးငွေ့တွေကသာ ဖုံးလွှမ်းလာပြီး လူးကပ်စ်ရဲ့ အမြင်တွေကို တိုက်စားသွားသည်။ တဆက်တည်း လူးကပ်စ်ရဲ့ ကိုယ်ခန္ဓာ အစိတ်အပိုင်းတစ်ခုမှာလည်း ထူးဆန်းသွား၏။ နာကျင်သော ဝေဒနာသည် ကိုယ်အောက်ပိုင်းက လျို့ဝှက်အပ်သော နေရာမှာ ဖြစ်တည်လာတာမို့ လူးကပ်စ် အာခေါ်ခြစ်ကာ အော်လိုက်မိသည်။ သို့သော်.
ဟေး ဟေး ကောင်လေး အိပ်ပျော်နေတာလား ထတော့ မင်းဆင်းရမယ့်နေရာရောက်ပြီ
ပခုံးကို ခပ်ကြမ်းကြမ်းကိုင်လှုပ်ကာ အနှိုးခံလိုက်ရလို့ပဲ တော်တော့သည်။ လူးကပ်စ် အလန့်တကြား မျက်လုံးဖွင့်ကြည့်လိုက်တော့ သူစီးလာသည့် ရထားပေါ်မှာပဲရှိသေးသည်။ ဘေးနားက လူကြီးတစ်ယောက်က သူ့ကိုငုံ့ကြည်နေ၏။ အိမ်မက်က နိုးစေတာ ဒီလူပဲ ဖြစ်ရမယ်။ လူးကပ်စ် ရှက်ကိုးရှက်ကန်းနဲ့ ကျေးဇူးတင်ကြောင်းပြောလိုက်၏။ သဘောကောင်းပုံရသည့် ဒီလူကြီးသည် ရွာသားတစ်ယောက်ဖြစ်ပုံရပြီး သူနဲ့ အတူ ရွာထဲ လိုက်ခဲ့လို့ရကြောင်းပြောနေသည်။ လူးကပ်စ်ရဲ့ ခရီးစဉ်က ဒီရွာကနေမှ တဆင့် မြင်းနဲ့ တောင်ပေါ်သို့ ခရီးဆက်ရမှာဖြစ်သည်။ လူကြီးနဲ့ လိုက်သွားချင်ပေမယ့် တစ်စုံတစ်ခုကို သတိရသွားတာမို့ လူးကပ်စ် ငြင်းလိုက်ရတော့သည်။ ရွာသားကြီးကတော့ ဘယ်လိုထင်မယ်မသိ လူးကပ်စ်မှာတော့ ကိုယ့်အကြောင်းနဲ့ကိုယ်။ ရထားပေါ်က ဆင်းဆင်းချင်း အထုပ်အပိုးတွေကို ကောက်ယူကာ ဘူတာဝင်းအတွင်း နေရာတစ်ခုကို လူးကပ်စ် လိုက်ရှာရတော့သည်။ သန့်စင်ခန်း.. ပါလာသည့် အထုပ်ပိုးနဲ့ ၃ပဲနိအကြွေကို အိမ်သာစောင့် အမျိုးသမီးထံပစ်ပေးပြီး လူးကပ်စ် သန့်စင်ခန်းထဲ ဝင်လိုက်သည်။ တော်သေးရဲ့ လူရှင်းနေလို့။