part 7

15.7K 283 8
                                    

အပိုင်း(၇)

လူးကပ်စ် သတိရလာတော့ တကိုယ်လုံးနာကျင်ကိုက်ခဲနေတာကို ခံစားမိသည်။ ပြီးတော့ ရင်းနှီးနေသည့် အသွင်ဆောင်သည့် ဒီနေရာက ဂူကြီးတစ်လုံးဖြစ်သည်။ တကယ်ပဲ သူ့အိမ်မက်ထဲက ဂူကြီးထဲကို လူးကပ်စ် ရောက်နေတာပဲ။ စိုစွတ်နေသည့် ထုံးကျောက်ဂူကြီးသည် အလင်းရောင်မရှိပေမယ့် ဘယ်က လာမှန်းမသိသည့် အလင်းဖြင့် အရာဝတ္ထုတွေကို မြင်ရသေးသည်။

မှတ်မိသလောက် မြင်းမရိုစီက သူ့ကို ချောက်ကမ်းပါးကနေ အပြေးခေါ်ဆောင်လာတာကိုပဲ။ မှောင်ပိန်းနေသည့် ညခင်းထဲ လူးကပ်စ် ကြောက်ကြောက်နဲ့ မြင်းဇက်ကြိုးကို တင်းတင်းကိုင်ပြီးသာ လာခဲ့တာ ဘယ်နေရာဘယ်ဒေသကို ရောက်မှန်းမသိဘဲ သတိလစ်သွားတာ။ အခုရှိနေတာက ဂူကြီးထဲက သဘာဝကျောက်ဖျာကြီးပေါ်မှာ လှဲလျက်သား။ လူးကပ်စ် ထထိုင်လိုက်ပြီး ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။

ထွက်ပေါက်က ဘယ်မှာပါလိမ့်

နေရာအနှံလျှောက်ကြည့်ပြီးသည့်တိုင် လူးကပ်စ် ဝင်ပေါက်ထွက်ပေါက်ကို မတွေ့။ ကျောက်ဖျာကြီးနဲ့ ခပ်လှမ်းလှမ်းမှာတော့ ရေအိုင်လေးတစ်အိုင်ရှိနေသည်။ ညစ်ပတ်နေသည့် ခံစားချက်ကြောင့် ရေကိုမြင်တော့ လူးကပ်စ် မနေနိုင်စွာ လက်ခုပ်နဲ့ ခပ်ပြီးသောက်လိုက်သည်။ အေးမြနေတဲ့ ခံစားချက်ကြောင့် အနည်းငယ်တော့ လန်းလာသလို။ ဖုန်တွေသဲတွေတင်နေသည့် အင်္ကျီလေးကို ချွတ်လိုက်ကာ လူးကပ်စ် ရေအိုင်ထဲ ဝင်စိမ်လိုက်သည်။

ဖြူဖွေးစိုပြေနေသည့် ရင်ဘတ်ပေါ်မှာ ချယ်ရီသီးရဲရဲလေးနှစ်လုံးက အထင်းသား။ တခါတခါ ကျောက်ဂူခေါင်မိုးပေါ်က ကျသော ကျောက်စက်ပန်းဆွဲများမှ ရေစက်များက လူးကပ်စ်ရဲ့ ကိုယ်လုံးလေးကို သွားရောက်ထိကပ်နေရာ လူးကပ်စ်ပုံစံမှာ ရေခဲကမ္ဘာထဲက နတ်သူငယ်အလှလေးလိုဖြစ်နေတော့သည်။ အောက်ပိုင်းမှာလည်း ဘာမှဝတ်မနေတော့တဲ့ လူးကပ်စ်ဟာ ရေအိုင်ထဲမှာ စိမ်နေရင်း မောပန်းနွမ်းနယ်နေသမျှကို အပန်းဖြေနေတာ ဂူအမိုးပေါ်ကနေ သူ့ကို စိုက်ကြည့်နေတဲ့ မျက်လုံးနီနီရဲရဲကြီးတစ်စုံကိုတော့ မမြင်နိုင်ပေ။

The Saint's SecretDonde viven las historias. Descúbrelo ahora