ဒီကြောက်စရာကောင်းတဲ့သတ္တဝါက ဘာများလဲ
လူးကပ်စ်ရဲ့ ခြေဖျားနုနုလေးတွေမှတဆင့် ကိုယ်အပေါ်ပိုင်းသို့ တိုးဝင်လာသည့် ထူးဆန်းသည့် အရိပ်ကြီး။ သဲကွဲစွာမမြင်ရသော ထိုဖြစ်တည်မှုကြီးသည် သဘာဝလွန်အရာတစ်ခုနှင့် ဆက်စပ်နေမည်လားမသိ။ သေချာတာကတော့ ထိုအရာကြီးသည် လူးကပ်စ်ရဲ့ သွယ်လျဖြူဝင်းသော ကိုယ်ငယ်လေးပေါ်သို့ အုပ်မိုးကာ တိုးဝင်လာသည်။
တင်းကျပ်သော ခံစားမှုတစ်ခုက ခါးပေါ်သို့ရောက်လာသဖြင့် လူးကပ်စ် ငုံ့ကြည့်လိုက်ရာ လက်ပုံစံအငွေ့များဖြင့် ရစ်ပတ်နှောင်တွယ်ထားသည်ကို တွေ့ရ၏။
ဘာတွေဖြစ်နေတာလဲ အွင့်
မယုံကြည်နိုင်စွာ အာမေဋိတ်သံပြုမိတော့ အဆိုပါ အရိပ်ကြီးသည် လူးကပ်စ်ရဲ့ ပါးစပ်ဖျားမှစ၍ တစ်ကိုယ်လုံးကို အတင်းအကျပ်ရစ်ပတ်လာလေတော့သည်။ ဒါကြီးက အရမ်းကို ထိတွေ့မှု့က ပြင်းထန်သည်။ မြွေတစ်ကောင်က အားအင်အပြည့်နဲ့ သူ့သားကောင်ကို ရစ်ပတ်ထားသလိုပင်။ သို့ပေမယ့် အေးစက်နေတဲ့ ကျောက်ဂူထဲမှာ အခုလိုဖြစ်နေခြင်းက လူးကပ်စ်ရဲ့ ကိုယ်လေးကို တနည်းအားဖြင့် နွေးထွေးစေသေးသည်။
ဟူးခနဲ ဝင်လာသည့် ပါးစပ်ဖျားမှ အငွေ့တွေကြောင့် အသက်ရှုကြပ်သွားသလိုဖြစ်ရပြီး ပတ်ဝန်းကျင်တစ်ခုလုံးလည်း တိတ်ဆိတ်မှောင်မည်းသွားလေတော့သည်။ ထို့နောက် အိမ်မက်မမည်သော ပုံရိပ်များဆီသို့ ပြန်ရောက်သွားသည့် လူးကပ်စ်ရဲ့ အသိစိတ်များ။
ဒီတစ်ခါတော့ ပုံရိပ်ယောာင်တွေမဟုတ်ကြောင်းကို ကာယကံရှင်ကိုယ်တိုင်သိခဲ့ပါသည်။
ဒါက သူ့အတိတ်မှ မပြီးပြတ်သေးသော အကြောင်းတရားများကို အခြေခံသည်။
ဘလက်ဒီဟေးလ်အင်ပိုင်ရာမှ ကြေကွဲဖွယ်ကောင်းသော လူသုံးယောက်အကြောင်း။ နုငယ်သော အလှတရားနှင့် ကောင်းမွန်သော ကိုယ်ကျင့်တရားကြောင့် နာမည်ကြီးသည့် အင်ပိုင်ရာအမတ်၏ သားငယ် လူးကပ်စ်၊ ရဲရင့်သော ထက်မြက်သော စစ်သူကြီး၊ အာဏာစက်ကြီးမားပြီး ဖိန့်ဖိန့်တုန်အောင် ကြောက်ရသည့် အင်ပါယာအရှင်တို့ရဲ့ အဆုံးသတ်မလှသည့် သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းအကြောင်းပင်ဖြစ်တော့သည်။