"လာထ ခုချက်ချင်းဆေးခန်းသွားမယ်"
"မသွားဘူး ဘာလို့သွားရမှာလဲ"
"ဟ့ ခများကိုယ့်အခြေနေကိုမသိဘူးလားဟမ် ! ရုပ်ကဖြူဖျော့နေပြီးသေတော့မဲ့ရုပ်နဲ့"
"မင်း!! အရိုင်းစိုင်းလူယုတ်မာကောင် !!"
"အမေ့ !!"ရုတ်တရက်ကောက်ပွေ့ခံလိုက်ရသည်မို့ရုန်းချိန်ပင်မရလိုက်ပင်။
ရှိသမျှအားကုန်သုံးပြီးသူ့ရင်ဘတ်ကိုတဘုန်းဘုန်းနဲ့ထုရိုက်ရုံကလွဲပြီးဘာမှမတက်နိုင်။
"အဲ့လက်တွေငြိမ်ငြိမ်နေစမ်း!!ကျုပ်ရိုက်ချိုးလိုက်မှအဆိုးမဆိုနဲ့!"
~~~~~
ဖြောင့်ဖြူးနေသော ကတ္တရာလမ်းမဘေးရှိYAMAHA ဆိုင်ကယ်နက်စွေးစွေး၏ဘေးမှာကား......သမင်မွှေးရောင်နုနုလေးနဲ့စတိုင်ပန်အနက်လေးကို၀တ်ဆင်ထားသောဖြူလွလွပုံရိပ်လေးတစ်ခုရှိနေလေသည်။မျက်တောင်ရှည်တို့၀န်းရံခစားနေသောမျက်၀န်းတောက်တောက်တို့သည်မြင်ကွင်းအသစ်ကိုစူးစမ်းနေသောကြောင့်မျက်ဆန်နက်နက်တို့ကဘယ်ယိမ်းညာယိမ်းဖြင့်အလုပ်ရူပ်လျက်။
"ဇိုင်း"
"ဘာတုန်း"
ကောင်းမွန်မွန်ထူးလည်းရတာကိုမျက်ခုံးတစ်ဖက်ကိုပင့်ပြီးထူးသေး......
"ငါဆေးခန်းမသွားတော့ဘူး၊အိမ်ပဲပြန်မယ်"
"ဘာလဲ!ခများကအိမ်ပြန်ပြီးကျုပ်နဲ့သိပ်လက်ထပ်ချင်နေတာလား"
"ငါ..ငါပြောတာအဲ့သဘောမဟုတ်ဘူး၊မင်းငါ့ကိုတာ၀န်ယူစရာမလိုဘူး၊ငါကယောကျာ်းလေးပဲ၊ခုနကငါတို့နှစ်ယောက်ဖြစ်ခဲ့တာတွေမေ့လိုက်ရအောင်။"
"ကျုပ်ခများကိုတရား၀င်လက်ထပ်မှာ နေ့သစ်ထူး။သိပ်ချစ်လွန်းလို့ထင်မနေနဲ့၊ခများဘ၀တစ်ခုလုံးကိုချုပ်ကိုင်ထားချင်လို့။"
"မင်း!!!ဘယ်လိုတောင်ပြောထွက်ရတာလဲ"
"ဘာလဲ ခုမှအစပဲရှိသေးတာကြောက်နေပြီလားဟမ်!!"
"မင်းခုလိုလုပ်တာငါ့ကိုမုန်းလို့လုပ်တာဆိုတာငါသိပါတယ်၊ဒါမဲ့လက်ထပ်ဖို့လောက်ထိတော့....."
CZYTASZ
My Prossessively husband