မုန်း၍ဖြင့် မနေရစ်စေလို_(၆)

146 1 1
                                    

         "မလိုဘူး။ခင်ဗျားသွားလို့ရပြီ"

         သူသည် ပြောလည်းပြောကာ သူမ၏ လက်ထဲမှ ခြင်ထောင်ကို အတင်းဆောင့်၍ ဆွဲချလိုက်သည်။သို့သော်...

          "အမေ့!!"

         သူသည် ခြင်ထောင်ကို အားနှင့်အတင်းဆောင့်ဆွဲပစ်လိုက်သဖြင့် ဒူးထောက်၍ ထိုင်နေသည့် သူမ၏ ခန္ဓာကိုယ်သည် သူ၏ရင်ခွင်ထဲသို့ ရောက်သွား၏။သူကလည်း မုဆိုးဒူးထောက်ထိုင်‌ ထိုင်နေသဖြင့် သူမ၏ ခန္ဓာကိုယ်အလေးချိန်အား ရုတ်တရက် မထိန်းနိုင်ဖြစ်သွားကာ နောက်သို့ လန်၍ ကျသွားသည်။လတ်သည် သူ၏အပေါ်မှဖြစ်၍ သူသည် လတ်၏ အောက်ဘက်မှဖြစ်သည်။ရုတ်တရက် သူ၏မျက်နှာတစ်ခုလုံးသည် ပန်းရင့်ရောင်ဘက်သို့အသွင်ပြောင်းလာကြ၏။သူ့၏ မျက်လုံးနက်နက်များသည် သူမအား စူးစိုက်၍ကြည့်နေကြလျှက် ထူးထူးခြားခြား ယခုတွင် သူ၏မျက်ခုံးများသည် တွန့်ကွေး၍မနေ။မထူမပါးမျက်ခုံးနက်နက်များအောက်မှ မျက်ဝန်းလှလှများကို သူမ ငေးကြည့်နေခဲ့မိသည်မှာ တစ်စက္ကန့်၊နှစ်စက္ကန့်၊သုံးစက္ကန့်....

         "အမလေး...ဗုဒ္ဓမြတ်စွာဘုရား"

         အသံကြောင့် လတ်နှင့်သူသည် ဝရံတာဘက်သို့ တစ်ပြိုင်နက်တည်း လှမ်းကြည့်လိုက်ကြသည်။မသိန်းသည် အခန်းအဝင်ဝတွင် ရပ်လျှက် လက်ဝါးနှစ်ဖက်ကို မျက်နှာတွင် မလုံတလုံအုပ်ကာ သူမတို့နှစ်ဦးအား ကြည့်နေလေသည်။ထို့နောက် ရုတ်တရက်ပင် အခန်းအတွင်းသို့ ခပ်သုတ်သုတ်ပြေးဝင်လာကာ

        "အမလေး ညည်း...ညည်း...ဗိုလ်မှူးကို ဘာတွေကြံစည်နေတာလဲ ဟမ်။အဲ့ဒါက ဘာဖြစ်‌နေတာလဲ"

        မသိန်းသည် ပြောပြောဆိုဆိုနှင့် သူမ၏ လက်မောင်းတစ်ဖက်ကို လှမ်းကိုင်၍ ဆွဲမလိုက်ပြီး ဘေးသို့ ဗြုန်းဆို တွန်းပစ်လိုက်၏။

       "ဗိုလ်မှူး ဘာဖြစ်သွားသေးတုန်းဟင်။ဘယ်နား နာသွားသေးတုန်း။အမလေး..ကျုပ် ရောက်ခင်လို့ပါလား။နို့မဟုတ်ရင်...ဗိုလ်မှူးတော့ ကိုယ်ကျိုးတွေနည်းတော့မှာပဲ။ကျုပ်စိတ်က အလိုလို သိနေတယ်။စိတ်မချလို့ တစ်ခေါက်ပြန်လာကြည့်တာ ထင်တဲ့အတိုင်းပဲ။ဒင်းက လူပါး....."

မုန်း၍ဖြင့် မနေရစ်စေလိုWhere stories live. Discover now