အပိုင်း(၁၁) U-Z

163 8 0
                                    

(Unicode)
အနောက်ဆောင်အား တစ်ကြိမ်တစ်ခါမှတင် ခြေဦးမလှည့်ဖူးတဲ့ မင်းကြီးဟာ အခုအခါမှာတော့ အနောက်ဆောင်ကို ချောင်းပေါက်မြောင်းပေါက် မတတ်ကို နေ့တိုင်း သွားနေသည် ။

နောက်မှ ရောက်လာသော ထိုမိဘုရား၏ မကောင်းသောသတင်း ကောင်းသောသတင်းတွေကတော့ အနောက်ဆောင်မှာ ပျံ့လို့ပါပင် ။

မင်းကြီးဟာ အားလပ်ချိန်အားလုံးကို ထိုမိဘုရားအဆောင်ကိုသာ သွားလာနေပြီး နောက်မှရောက်လာတဲ့ ထိုမိဘုရားဟာ မင်းကြီးဆီက ဂရုစိုက်မှုတွေကို အတိုင်းအဆမရှိ ရရှိနေသည် ။

"ယင်မိဘုရား အဆောင်တော်အား မင်းကြီးကြွချီလာပါတယ် ။

ကုန်းကုန်း၏ စကားဆုံးတော့ ကြေးမုံရှေ့မှာ ထိုင်ကာ လက်ထဲကအစိမ်းရောင်ကျောက်သတိုးလေးကို ကြည့်ရင်း ငေးမှိုင်နေတဲ့ ရှစ်ယင်ဟာ ချက်ချင်းပဲ ထလိုက်ပြီး မင်းကြီး ရှေ့တွင် ခေါင်းကိုငုံ့ထားသည် ။

"မင်းကြီးကို ဂါဝါရပြုပါတယ်... မင်းကြီးဘာလာလုပ်တာပါလဲ

"တစ်တိုင်းပြည်လုံးကိုငါကိုယ်တော်ပိုင်တယ် ဒီနန်းတော်ကြီးကိုလဲငါကိုယ်တော်ပိုင်တယ်
ငါကိုယ်တော် ဘယ်နေရာသွားသွား ကိစ္စမရှိဘူး ...

".......

ခေါင်းကိုငုံ့ကာ သူ့အားတစ်ချက်လေးတောင် မကြည့်တဲ့ ရှစ်ယင်ကြောင့် ပိုင်လီ ဒေါသစိတ်တို့ ဖြစ်လာပြန်သည် ။

"မင်းက ဘာလို့မပျော်ရွင်တဲ့ပုံစံဖြစ်နေရတာလဲ ..

ခေါင်းကိုငုံ့ကာ အရယ်အပြုံးမရှိတဲ့ ရှစ်ယင် မျက်နှာကို မော့စေပြီး ပါးနှစ်ဖက်ကို လက်နဲ့ ခပ်ပြင်းပြင်း ဖြစ်ကာ သူ့မျက်နှာကို ကြည့်စေသည် သို့သော် ရှစ်ယင်ကတော့ နာနေပေမယ့် ပ်ုင်လီ၏ မျက်နှာကို တစါချက်မကြည့်ပါ။

"အထီးကျန်ဆန်ပြီး မင်းကြီးလိုလူနဲ့နေရတာ ကျွန်တော်မျိုးက ‌ပျော်ရွင်နေရမှာလား ။

"မင်း မင်း !!! ယင့်အာမင်းဘာကြောင့်နားမလည်ရတာလဲ ကိုယ် ကိုယ်မင်းကို ချစ်တယ် မင်းလိုအပ်သမျှအားလုံးကို ဖြည့်စည်းပေးနိုင်တယ် ။

(အမုန္းမွ အခ်စ္တည္သည္)(အမုန်းမှ အချစ်တည်သည်) U-ZOnde histórias criam vida. Descubra agora