အပိုင်း(၄) U-Z

546 22 2
                                    

(Unicode )
အရင်ရက်တွေက ခရီးဆက်ခဲ့ကျပြီး အနည်းငယ်လဲ ပင်ပန်းထားတဲ့ ရှစ်ယင် တစ်ယောက် မနေ့ညထဲက အိပ်လိုက်သည်က မနက် မိုးလင်းလို့ နေရောင်ချယ်လေး မျက်နှာပေါ် ဖျာချလာမှ နိုးတော့သည် ။

တစ်ညလုံးကောင်းကောင်းမွန်မွန် အိပ်ပျော်ခဲ့လို့ထင်ပါရဲ့ မနက်အိပ်ယာထတော့ တစ်ကိုယ်လုံး လန်းဆန်းနေပြီး နေလို့ထိုင်လို့ပင် ကောင်းသွားသည် .. သို့သော် နိုးလို့ထိုင်လိုက်တော့ လှုပ်မရတဲ့ အောက်ပိုင်းကြောင့် ရှစ်ယင်တစ်ယောက် သူ့ခြေထောက်ကိုတစ်ခုခုဖိထားတာကို သတိထားမိသွားသည် ..ထိုအပြင်စောင်ကလဲ ဖူးဖောင်းနေတာမို့ စောင်ကို ဖွင့်ကြည့်လိုက်သည် ...။

"ဟင် ရှဲ့ယွင့်သူ သူက....

စောင်ကို ဖွင့်ကြည့်လိုက်တော့ သူ့ခြေထောက် တစ်ချောင်းစီမှာ လူတစ်ယောက်ရှ်နေပြီး သူ့ခြေထောက်ကို ကျစ်နေအောင် ဖက်ကာ အိပ်နေကျသော လူနှစ်ယောက် .. တစ်ဖက် ရှဲ့ယွင့် ဖြစ်ပေမယ့် မျက်နှာကိုမမြင်ရတဲ့ တစ်ဖက်ကလူကြောင့် ခါးကိုညွန့်ကာ သူ့ခြေထောက်အား ဖက်ထားတဲ့ လက်ကိုအသာဖယ်ကာ   ကြည့်လိုက်တော့ ...

"မနေ့က ဟိုသခင်လေး .. မဟုတ်သေးဘူး သူကဘာကြောင့် ငါ့ခြေထောက်ကိုဖက်အိပ်နေတာလဲ မဟုတ်မှ ညက ငါ့ကိုဘာလုပ်လိုက်ကျတာလည်း

ချက်ချင်း လန့်တကြား သူ့ခြေထောက်ကို ဖက်ထားတဲ့ လူနှစ်ယောက်ကို စောင့်ကန်ပြစ်ကာ စောင်ကို သူ့ကိုယ်ပေါ် ခြုံပြစ်လိုက်ပြီး ကုတင်ထောင့်ကို ကပ်လိုက်သည် ..။

အကန်ခံလိုက်ရတဲ့ လူနှစ်ယောက်ဟာ ကုတင်ပေါ်ကနေ ဝက်လေးတွေ ခွေးလေးတွေ လို ပြုတ်ကျသွားပြီး နာသွားတဲ့ ခါးနဲ့ တင်ပါးလေးတွေကို ပွက်ကာ မက်တပ်ထရပ်ကျသည် ညအချိန်မတော်မှ အိပ်ဖြစ်ကျပြီး သေရည်လဲသောက်ထားကျတာမို့ အိပ်ချင်မူးတူး ဖြစ်လို့နေကျသည် ။

"ရှဲ့ယွင့် !!!!

"ဟမ် ကိုကို ကိုကို ဟို ဒါ ..။ ကျွန်တော်ညက ကိုကိုနဲ့ အိပ်တာလား မင်းမင်းး မင်းက ဘယ်လို ဖြစ်လို့ ..

" ဟို ငါ ငါ မင်း ငါ ငါ ဘာ ဘာ မလုပ်ဘူး  ကျိန် ကျိန်ရဲတယ် ဘာ ဘာ မလုပ်မိဘူး ..။

(အမုန္းမွ အခ်စ္တည္သည္)(အမုန်းမှ အချစ်တည်သည်) U-ZDove le storie prendono vita. Scoprilo ora