အပိုင်း(၁၃) U-Z

273 13 2
                                    

(Unicode)
" ရေးယူခဲ့ အဝတ်စ !!!

"မယ်မယ် အားသုံးပါ ရတော့မယ် မယ်မယ် အားသုံးလိုက်ပါ ထပ်ကြိုးစားပါ

အနောက်ဆောင် ယင်မိဘုရား နန်းဆောင်မှာတော့ အစေခံတွေ ပြေးလွှားလို့ နေသည် ရေဇလုံသည်သူကသည် သွေးစတွေရှိတဲ့ အဝတ်စတွေကို လျှော်ဖို့ ယူသွားသူကယူ အဖြူရောင် အဝတ်သန့်များကို ပြေးယူသူကယူ နဲ့ အလုပ်တွေရှုပ်ကာ ယင်မိဘုရား အဆောင်တော်ရှေ့ အစေခံများ ခြေရှုပ်နေသည် ။

အစေခံများက အလုပ်ရှိလို့ ပြေးလွှားနေရလို့ ခြေရှုပ်တာ မှန်ပေမယ့် မင်းကြီးက အလုပ်မရှိပေမယ့် အဆောင်တော်ရှေ့မှာ ဘယ်သွားလိုက်ညာသွားလိုက်နဲ့ ခြေရှုပ်လို့နေသည် ။

မနေ့ကနေ့လည်လောက်ထဲက အော်ဟစ်နေရတဲ့ သူ့မိဘုရားဟာ ယနေ့ညအထိ အော်ဟစ်နေရတုန်းပါပဲ ..

"မင်းကြီး အနားယူပါအုန်းလား မနေ့ထဲက မစားမအိပ်နဲ့အခုထိပဲ မင်းကြီးကျန်းမာရေးထိခိုက်နိုင်ပါတယ်

"ယင့်အာ ဒီလိုနာကြင်နေရတာကို ငါ့ကိုအနားယူဖို့ကို မင်းပြောရဲတာလား

ပင်ပန်းမှာစိုးရိမ် စေသနာတွေကို ရှေ့တန်းတင်လို့ ရှန်းနန်တစ်ယောက် ပြောလိုက်ပေမယ့် ပြန်ရလိုက်တာကတော့ နေရာတကာဝင်စွတ်ဖက် သည်သာ ဖြစ်သည်။

"ဟုတ်တယ်  ဟုတ်တယ်  မယ်မယ် အားသုံးပါထပ်ပြီး ထပ်ပြီး တော့

"အူဝဲ အူဝဲ အူဝဲ "

ယင်မိဘုရား၏ အော်ဟစ်သံခပ်ကျယ်ကျယ်နဲ့ အတူ ကလေးငယ်၏ အော်ငိုသံကို ကြားလိုက်ရသည် .... ထိုအသံကို ကြားလိုက်ရတဲ့ မင်းကြီးဟာ ရင်ထဲက အပူလုံးကြီးတစ်ခု ပျောက်ကင်းသွားသလို သက်ပြင်းတစ်ချက် ပြင်းပြင်း ချလိုက်သည် ...။

"မင်းကြီး ဂုဏ်ယူပါတယ် ထိန်ဝါချောမောတဲ့ သားတော်လေးပါ

ရင်သွေးလေးအာ မွေးပေးသော မိန်းမကြီးဟာ ကလေးငယ်လေးကို မင်းသားလေးဝတ်ရမယ့် ဝတ်စုံလေး ဝတ်ပေးပြီး အပြင်ကနေ အဝါရောင် စောင်လေးနဲ့ပတ်ကာ အပြင်က မင်းကြီးထံ အမြန်လာပြသည် ...။

"မိဘုရား ဘယ်လိုနေလဲ

"ဝင်ကြည့်လို့ရပါတယ် မင်းကြီး ... မယ်မယ် အားလုံးကျန်းမာပါတယ်

(အမုန္းမွ အခ်စ္တည္သည္)(အမုန်းမှ အချစ်တည်သည်) U-ZOnde histórias criam vida. Descubra agora