ကျောင်းကပြန်လာထဲကစိတ်မကြည်လင်စွာဧည့်ခန်းထဲထိုင်နေသူအား ဘာဖြစ်နေလဲတစ်ခွန်းမမေးမိ။
သက်ပြင်းရှည်တွေခနခနချကာ တစ်ခုခုကိုအလိုမကျသည့်ပုံစံနှင့်ဖြစ်သည်။
ဘေးနားမှာ ရပ်ကြည့်နေတဲ့ Jinကိုတွေ့တော့ ပုခုံးလေးမဆိုသလောက် တွန့်ကာ သူလန့်သွားပါသည်ပေါ့။''ဘာလို့ ဘေးမှာရပ်ကြည့်နေတာလဲ လန့်အောင်လို့''
''အာ့ဆိုJiminဘာဖြစ်ခဲ့လဲပြောပြမှပေါ့''
''Hyung Jiminပြဿနာဖြစ်ခဲ့တယ် အဲ့ကောင်လေးကသိပ်မိုက်ရိုင်းတာပဲ''
''ဘယ်လို ဘယ်လို Hyung ရဲ့ကလေးက ပြဿနာဖြစ်ခဲ့တယ် ဟုတ်လား အလိမ္မာတုန်းလေးကလေ''
ငယ်ငယ်ထဲက လိမ်လိမ်မာမာလေး နေခဲ့သူမို့ ပြဿနာဆိုတဲ့စကားကိုJiminနှုတ်ဖျားမှမကြားဖူးခဲ့ချေ။အံ့သြပြီး ထိတ်လန့်မိတာတော့ အမှန်ပါ။Jiminကရန်မဖြစ်တတ် ။ရန်တကာကိုလည်းJiminကရှောင်တတ်သည်။ဝင်မပါတတ်တဲ့ကောင်လေးမို့ အခုသူနဲ့ထိပ်တိုက်ပြဿနာဖြစ်လာတယ်ဆိုတာကြီးက အံ့သြဖို့ကောင်းနေခဲ့သည်။
''သူ့ကားနေရာကိုJiminကဝင်ယူမိလို့တဲ့ မထိုးရုံပဲရှိတော့တယ် Jiminမှာ လန့်လွန်းလို့ ရင်တွေတောင်တုန်တယ်''
ရင်ဘတ်ကလေးကိုဖိကာ သူရင်တုန်ကြောင်း ပြောပြနေတဲ့ကောင်လေးကိုစိုးရိမ်မိသည်။
နူးနူးညံ့ညံ့လေးမို့ ဘာထိခိုက်ဒဏ်ရာမှ မရစေချင်။စိတ်ရော လူရောက တကယ်ပန်းရောင်နုနုလေးရယ်ပါ။''နောက်ခါ အဲ့လူကိုသေချာရှောင်နော် ကလေး Hyungစိတ်ပူတယ် ပြီးတော့ ကလေးက ရန်မဖြစ်တတ်ဘူးလေ''
''Jiminရှောင်မှာပါ အဲ့လိုလူတွေကိုထင်သလိုရိုင်းနေတာ Jiminမကြိုက်ဘူး ''
စားပွဲပေါ် က အိတ်လေးကိုယူကာ Jiminအပေါ်ထပ်တက်သွားတော့သည်။
ဧည့်ခန်းထဲမတ်တပ်ကျန်ခဲ့တဲ့Jinကတော့သက်ပြင်းရှည်တစ်ခုချရင်းJiminအကြောင်းတွေးမိသည်။သူအထက်တန်းနောက်ဆုံးနှစ်ကိုရောက်တဲ့နှစ်မှာJiminတို့အိမ်ကိုသူရောက်ခဲ့သည်။Jiminဖေဖေနဲ့သူ့ဖေဖေကသူငယ်ချင်းတွေမို့ ဖေဖေမရှိတော့တဲ့နောက် Jiminဖေဖေက မွေးစားခဲ့ခြင်းပင်။