''ကိုကို မနေ့က ဘာလို့ ဆိုရာ့ဆီမလာတာလဲ''
''မနေ့က ကိုယ်သွားစရာလေးရှိနေလို့လေ''
''ဒါဆိုဒီနေ့အားတယ်ပေါ့ အာ့ဆို ဆိုရာတို့ ညနေကျောင်းပြန်လျှောက်လည်ကြမယ်လေ နော်''
''မသိသေးဘူး အားရင်ပြောမယ်''
''ဟူတ်ကဲ့ ''
ချွဲနွဲ့သောအသံဖြင့် စကားဆိုကာ ရင်ခွင်ထဲ ခေါင်းတိုးဝှေ့လာသည်။ဘာကြောင့်ရယ်မသိ စိတ်ထဲအနည်းငယ် ကျဥ်းကျပ်နေသလိုမျိုး ခံစားနေရသည်။ဆိုရာကသူ့ရဲ့ဘယ်နှယောက်မြောက်ကောင်မလေးမှန်းမသိပါ။သေချာတာကတော့တွဲတာ တစ်ပတ်ပင်မပြည့်သေးချေ။အချောဆုံးတွေထပ်ဒီကောင်မလေးကပိုသာနေလို့ကောက်တွဲလိုက်ခြင်းသာဖြစ်သည်။
''ကိုကို သူ့ကိုသိလား''
''ဘယ်သူလဲ''
''ရှေ့ကတစ်ယောက်လေ''
ဆိုရာလက်ညှိုးထိုးရာဆီသိူ့ကြည့်လိုက်တော့ အဓိပတိလမ်းအတိုင်းလျှောက်လှမ်းသွားနေသောအဖြူရောင်ပန်းလေးတစ်ပွင့်။သေချာတာကသူ့ရဲ့ပန်းကလေးပင်။တစ်ကိုယ်လုံးအဖြူရောင်ချည်းသာဝတ်ထားကာ နတ်သက်ကြွေလာသော နတ်တစ်ပါးအတိုင်းပင်။ဘေးဘီဘယ်မှစောင်းငဲ့မကြည့်ပဲ လမ်းကိုသာ အာရုံစိုက် လျှောက်နေသူသည် ရန်ရှာချင်စရာကောင်းလှပါသည်။
ထိုင်ခုံတန်းလေးမှလှစ်ခနဲထသွားသောJeonကို ဆိုရာဖမ်းလို့လှမ်းမမိလိုက်။ဘာလဲ ဗြုန်းဆိုင်းကြီး။
''ဟာ ကိုကို ဘယ်လဲ''
တစ်ချက်မှလှည့်မကြည့်သူကသူပြောသောစကားကိုမကြားသည့်ပုံ။
အဖြူရောင်လေးနောက်သို့Jeonဟာအပြေးတပိုင်းလိုက်သွားတော့သည်။''Park Jimin....Park Jimin''
အနောက်သူ့နာမည်ခေါ်သံကြောင့် လှည့်ကြည့်မိတော့ တစ်မိုးအောက်အဆိုးအဆာပင်။
တကိုယ်လုံးနက်ဆွေးကာ ခေါင်းအစခြေအဆုံး ရှုပ်ယှက်ခက်လို့နေသည်။သူ့နာမည်ကိုသူကဘယ်လိုသိလည်းစိတ်တော့မဝင်စားခဲ့ပါ။''နာမည်ဘယ်လိုသိလဲလို့ မမေးတော့ဘူးလား''
''တစ်ယောက်ယောက်ကိုမေးရင်ရနေသားပဲလေ''