အချစ်ကဘာလဲလို့ မေးလာတဲ့အခါ
သိပ်လှတဲ့Park Jiminပါလို့ Jeon ဖြေမိမှာ...။ဘဝတစ်လျှောက်လုံး အချစ်တုတွေနဲ့ ကျင်လည်နေခဲ့ရပြီး မေတ္တာတရားဆိုတာကို သူမခံစားမိခဲ့ဖူးဘူး။
အပေါစားအချစ်တွေကြား ရေစုန်မျောရင်း သူ့ရဲ့အလင်းတန်းလေးကို မြင်စမှာပင် သူဟာ သိပ်လိုချင်ခဲ့မိသည်။
Park Jiminကို ချစ်ပါသည်။
အကြောင်းပြချက်တို့ ခိုင်လုံမှုမရှိပဲနှင့်ကို ချစ်မိပါသည်။Park Jiminနှင့်ဆုံတိုင်းဟာ သိပ်လှတဲ့ ပန်းခင်းငယ်လေးထဲရောက်သွားသလို သူဟာ သိပ်ငေးမောဖွယ်ရာ။
မထီမဲ့မြင်အပြောလေးတွေကလည်း နားထဲမှာစွဲမက်စရာပါပဲPark Jimin။
Park Jimin စိတ်ဆိုးခဲ့ဖူးတဲ့ အတိတ်ကာလမှာ သူက အခန်းမှောင်ထဲရောက်သွားသလို ဘာမှမမြင်တော့။
စိတ်ဆိုးပြေဖို့တစ်ခုထဲသာ ရှေးရှူရင်း အဆင်ပြေမယ့်နည်းလမ်းတွေကို မှတ်ချက်ပြုခဲ့ဖူးသည်။
Park Jiminနား မနေရရင်ကို သူမနေနိုင်တော့။
သိပ်ချစ်မိသွားပါသည် ကိုကို....။
>>>>>>>>>>>>>>>>>♥
''Jimin ဟို ကျွန်တော်လေ ပြောစရာရှိလို့''
သူ့နားမယောင်မလည်ရောက်လာကာ တစ်ခါမှမမြင်ဖူးသော ကျောင်းသားသည် သူ့အားကြည့်ကာ စကားဆိုသည်။
သူ့ဘေးတစ်ဖက်တစ်ချက်မှ Hoseokနှင့် Jung Kookသည် ထိုကျောင်းသားအား မျက်တောင်မခတ်ကြည့်နေကြသည်။
''အရင်ထိုင်ပီးမှပြောလေ''
ဖော်ရွေတတ်တဲ့ Hoseokက လက်လေးပြကာ ထိုင်ရန်ပြောသည်။သူနှင့်Jung Kookသာ တိတ်ဆိတ်လျက်။
''သူငယ်ချင်း တွေကို သက်သေထားပြီး ကျွန်တော်ပြောချင်ပါတယ် ကျွန်တော်လေ Park Jiminကို မြင်ကတည်းက ချစ်မိတာပါ ကျွန်တော့်ကိုစိတ်မဆိုးပါနဲ့''
အ ထစ် အ ထစ် ပြောလာသော ထိုသူ့စကားများသည် Jeon နားထဲ သံရည်ပူလောင်းထည့်လိုက်သလို ပူလောင်စွာ။ရင်ထဲတလှပ်လှပ်ဖြင့် လက်သီးတို့က မသိမသာ ဆုတ်မိသည်။