''မနက်ဖြန် ပိတ်ရက်ဆိုတော့ ကျွန်တော်နဲ့အပြင်ခဏလိုက်ခဲ့ပေးလို့ရလား''
ခုံတန်းအပြာရောင်လေးဝယ်စမတ်ကျကျထိုင်နေသော အဖြူရောင်ဝတ်စုံနှင့်ကောင်လေးကို ဘေးနားမှာမတ်တပ်ရပ်ကာ အနက်ရောင်ဆွေးမြည့်မြည့်နဲ့ကောင်လေးကစကားဆိုသည်။
''မင်းသူငယ်ချင်းဆိုတဲ့တစ်ယောက်ကိုခေါ်သွားလေ ကိုယ်မနက်အလုပ်သွားရမှာ''
''ရုံးကဘယ်ချိန်ဆင်းလဲ အာ့ဆို''
''ဆင်းချိန်က၃နာရီလေ ဒါပေမယ့် ကိုယ်ကအလုပ်တွေလက်စသက်ပြီးမှဆင်းတယ်''
''တစ်ရက်လေးပဲလေ Jiminရယ်''
''ဘယ်သွားမလို့လဲ''
''တစ်နေရာရာပေါ့''
''အတိအကျမရှိတဲ့နေရာကို ကိုယ်မလိုက်ဘူး ကူးငယ်''
Park Jiminက အဲ့လိုနာမ်စားလေးများခေါ်လိုက်ရင် ရင်ထဲတကယ်နွေးထွေးသွားရသည်။
''စားသောက်ဆိုင်ကို မနက်ဖြန်က အထူးနေ့မို့''
''အရေးကြီးတယ်ဆိုလည်း ညနေအိမ်ပြန်ရောက်မှလိုက်ဖြစ်မလိုက်ဖြစ်အကြောင်းပြန်မယ် အခုတော့ကိုယ်သွားပြီ''
Jiminက ခုံပေါ်တင်ထားသော စာအုပ်လေးဆွဲယူကာ သူ့အတန်းရှိရာသို့လျှောက်သွားသည်။
Jeonကတော့ ညနေအကြောင်းပြန်စာကို အောင်မြင်ပါစေဟု စိတ်ထဲ ကျိတ်ဆုတောင်းနေတော့သည်။''Jeon ဒီမှာ ဘာလုပ်နေတာလဲ''
အနောက်ဖျားဆီမှအသံကြားရာသို့သူလှမ်းကြည့်မိတော့ နှစ်ယောက်မရှိတဲ့Kim Tae Hyung ပင်။
''Taeကဘယ်လဲ''
''အစာမကြေသလိုဖြစ်နေလို့ ကျောင်းဆေးခန်းသွားမလို့ အတာလိုက်ခဲ့ပေး''
Taeကဗိုက်လေးပွတ်ကာ မျက်နှာလေးက မဲ့နေသည်။Taeမပျော်မရွှင်ဖြစ်နေလျှင်ဒါသူတကယ်ခံစားနေရတာဖြစ်သည်။Taeလက်ကိုဆွဲကာကျောင်းဆေးခန်းသိူ့။
''မနက်ကဘာစားထားလို့လဲ''
''ထမင်းကြော်ပါDr ''
''အာ့ကြောင့်ရင်ပြည့်သလိုဖြစ်နေတာ ဒီဆေးလေးသောက်လိုက်ရင်သက်သာပါပြီ တကယ်လို့မသက်သာရင်ပြန်လာခဲ့နော်''