ကိုယ့်ရဲ့ဆောင်းခိုငှက်ကလေး။
လက်ဖက်ခြောက်အချို့ကိုဗူးအလုံပိတ်ဖြင့်ထည့်ပြီးကားနောက်ခန်းထဲသို့ငါစီရီကာထည့်လိုက်၏။ဆောင်းအ၀င်ရဲ့မနက်ပိုင်းမှာမြူကလေးတွေစိုင်းနေသည်။
အဖွားရဲ့ကျေးလက်လေးမှာငါတို့အကြာကြီးမနေဖြစ်ပါ။မပြန်ခင်အဖွားကငါ့ရဲ့fourthလေးကိုလမ်းမှာစားဖို့မုန့်ချိုတွေအများကြီးထည့်ပေး၏။
အဖွားကfourthကိုသိပ်ချစ်သည့်ပုံ။မခွဲချင်သလိုလိုနှင့်တိုးတိုးဘာတွေပြောနေမှန်းမသိ။အဲ့နောက်ကံကောင်းအောင်ဟူ၍ငါနှင့်fourthအားအဆောင်လက်ပတ်လေးနှစ်ခုပေးလေသည်။
ခဏအကြာမှာငါတို့ရဲ့ကားအဖြူလေးနဲ့အတူအဖွားကိုနှုတ်ဆက်ရင်းခရီးဆက်လာကြသည်။ဘန်ကောက်ရောက်ဖို့ဆိုတစ်ညအိပ်ခရီးမောင်းရမည်။
သို့သော်ငါ့ဦးတည်ချက်ကဘန်ကောက်မဟုတ်ပဲfourthကြိုက်သည့်ဖတ်ထုပ်ပူပူလေးတွေရှိတဲ့ချင်းမိုင်မြို့ကိုသာ။
လမ်းမှာကားမူးတတ်တဲ့fourthလေးကြောင့်ငါကားမှန်တွေကိုအဆုံးထိချပေးထား၏။စိမ်းစိုစိုသစ်တောတွေကိုကြည့်ရင်းပျော်မြူးနေသည့်fourthပုံလေးကိုမြင်ရသည့်အခါငါ့စိတ်တွေကစမ်းရေလေးလိုအေးမြနေသည်။
ကားradioကလာတဲ့'photograph'သီချင်းကိုfourthကသဘောကျ၏။Ed Sheeranရဲ့သီချင်းတော်တော်များများဟာfourthနားအထောင်ဆုံးဖြစ်သည်။
"ပျော်လားကိုယ့်ရဲ့fourth"
Fourthကခေါင်းလေးငြိမ့်ပြ၏။ချစ်စရာကောင်းတဲ့လူသားလေးရဲ့အပြုအမူတိုင်းဟာလည်းချစ်ဖို့ကောင်းသည်။ရိုးရှင်းတဲ့ခရီးလေးတွေကိုfourthနဲ့ဖြတ်သန်းရတဲ့အခါငါ့စိတ်တွေကအတိုင်းဆမရှိပျော်ပါသည်။
_________________________________
"ခဏဆိုရောက်ပြီ ဗိုက်ဆာပြီလားfourth?"
လက်ကလေးဖြင့်လာလာတို့သည့်အထိတွေ့တွေရပ်သွားတာကြောင့်ငါဘေးဘက်သို့ကြည့်လိုက်တော့fourthကအိပ်ပျော်နေသည်။
ချင်းမိုင်နဲ့အဖွားတို့ရွာလေးကသိပ်မဝေးတာကြောင့်ငါတို့အကြာကြီးမမောင်းရပေ။အဖွားထည့်ပေးလိုက်သည့်မုန့်ချိုတွေစားပြီးfourthကအိပ်မောကျသွား၏။
YOU ARE READING
Colours of Heather's(Geminifourth ff✅)
Fanfictionred mean i love you.. fanfiction main characters-Geminifourth total chapter-6 Hope you guys enjoy this💓