Ocean blue

2.3K 107 62
                                    

ကိုယ့်ရဲ့ပင်လယ်ပြာရောင်စိတ်ကူးစိတ်သန်းတွေ။

ခပ်ဝေးဝေးကကြားရတဲ့လှိုင်းခက်သံတွေ။ပင်လယ်ရဲ့အငွေ့သက်ဟာ‌စိတ်ကိုအေးမြစေ၏။တစ်ချက်ပြုံးလိုက်ရင်း အဖြူရောင်ကားလေးဘက်သို့မျက်နှာမူလိုက်သည်။

"လာပါfourth..ကိုယ့်ကိုယုံလိုက်"

တုန်ရီနေတဲ့ကောင်လေးကိုငါလက်ကမ်းပေးလိုက်သည်။ကားထောင့်လေးမှာကပ်ကာငြင်းပယ်နေသည့်ကောင်ငယ်လေးကအပြင်လောကကိုသိပ်ကြောက်သည့်ပုံ။

"ပင်လယ်လေ ကြားဖူးလား မင်းကိုအန္တရာယ်ပေးမဲ့နေရာမဟုတ်တာမလို့ကိုယ့်လက်ကိုတွဲကိုင်လိုက်နော်.."

Fourthကမျက်၀န်းငယ်လေးနဲ့ငါ့ကိုကြည့်၏။သူ့ရဲ့လက်သွယ်သွယ်လေးတွေငါ့ကိုကမ်းပေးလာတဲ့အခါငါငြင်သာစွာပြုံးလိုက်သည်။

အင်္ကျီလက်ရှည်အဖြူအပါးလေးကို၀တ်ထားကာဦးထုပ်ကားကားလေးပါဆောင်းထားသည့်fourthကနေရောင်၏ဒဏ်ကိုမခံနိုင်စွာငါ့ရင်ခွင်ထဲမျက်နှာအပ်လေသည်။

ဘယ်လောက်တောင်အခက်ခဲတွေများခဲ့ရမလဲ။ကျောပြင်သေးသေးလေးကိုပုတ်ပေးရင်းငါ့ရင်ခွင်ထဲကfourthကိုထုတ်ကာမျက်နှာချင်းဆိုင်အနေထားသို့ပြောင်းလိုက်၏။

"ကြောက်စရာမလိုဘူးနော် ပင်လယ်ကဘယ်လောက်လှလဲကိုယ်မင်းကိုပြပေးမယ် မင်းကကိုယ့်နောက်မှာ‌ပဲနေ ဟုတ်ပြီလား?"

တိတ်ဆိတ်နေသည့်ကောင်လေးကခေါင်းငုံ့ပြ၏။အတိတ်ကဒဏ်ရာအချို့ကြောင့်စကားပြောရမှာတောင်ကြောက်တတ်လာသည့်ကောင်ငယ်ကလေး။

ပါးဖြူဖြူလေးကိုထိကိုင်လိုက်ရင်းလက်သွယ်သွယ်လေးတွေကိုကိုင်ကာငါဘန်ဂလိုဘက်သို့ခေါ်လာလိုက်သည်။

ဒီတစ်ခါမင်းရဲ့အကြောက်တရားတွေကိုကိုယ်ကတွန်းဖယ်ပေးမယ်။မင်းကကိုယ့်နားမှာနေပါ။ကိုယ့်ရဲ့စိတ်ကူးငယ်..

______________________________

Fourthကငယ်သေးတယ်။Fourthမှာအရွယ်နဲ့မလိုက်အောင်များပြားတဲ့စိတ်ဒဏ်ရာတွေရှိတယ်။Fourthကငါ့ကိုတွယ်တာတယ်။Fourthမှာငါ့အပြင်ဘယ်သူမှမရှိဘူး။

Colours of Heather's(Geminifourth ff✅)Where stories live. Discover now