ကိုယ့်ရဲ့အရှက်ကြီးတဲ့ကောင်ငယ်လေး။
"အိမ်စောစောပြန်လာနော်"
ငါခေါင်းငြိမ့်ပြလိုက်တော့အဖွားနောက်မှာပုန်းနေတဲ့fourth
လေးကမသိမသာခိုးကြည့်၏။ချစ်စရာလေး။အဲ့နောက်လက်သွယ်သွယ်လေးကိုလှမ်းယူလိုက်ရင်းငါပြုံးကာကြည့်လိုက်သည်။"ကိုယ်ပြန်လာမှာမလို့မကြောက်နဲ့နော်"
"..."
ခေါင်းကလေးငြိမ့်ပြသည့်အခါငါထပ်မံပြုံးမိသည်။နောက်ကျမည်ဟုအဖွားကဆိုရင်းငါ့fourthလေးရဲ့လက်ကိုဆွဲကိုင်ကာအိမ်ထဲသို့၀င်သွား၏။
ဒီနေ့ရွာထဲမှာဒီဇင်ဘာအကြိုပွဲရှိတာကြောင့်အဖွားတို့အိမ်ကိုဖိတ်လေသည်။မသွားလျှင်ရိုင်းရာကျမည်စိုး၍အဖွားကငါ့အားသွားခိုင်း၏။ငါ့ fourthကလေးကတော့လူအုပ်တွေကြားမသွားနိုင်တာကြောင့်တစ်ယောက်ထဲထွက်ခဲ့ရခြင်းပေ။
တောင်ကုန်းစောင်းလေးမှာတည်ရှိတာကြောင့်ရွာနှင့်အနည်းငယ်တော့ဝေးသည်။နာရီ၀က်လောက်လျှောက်ပြီးတဲ့အကြာမှာပြေးလွှားဆော့ကစားနေသည့်ကလေးအချို့ကိုတွေ့၏။
ညနေစောင်းပြီဖြစ်တာကြောင့်မီးရောင်တထိန်ထိန်ဖြင့်လှပနေလေသည်။ရွာထဲသို့၀င်၀င်ချင်းငါ့အားအရင်ကရင်းနှီးခဲ့ဖူးတဲ့သူငယ်ချင်းတွေကအပြေးလာကြို၏။
ရိုးရိုးရှင်းရှင်းလေးနဲ့အရာရာဟာလှနေပါတယ်။ရောင်စုံထိုးထားတဲ့လမုန့်လေးတွေကိုမြင်တဲ့အခါငါfourthကိုသတိရမိသည်။သူသာဆိုသိပ်ကြိုက်မှာ။
ပြောင်းဖူးနဲ့လက်ဖက်အဓိကထွက်တဲ့ထိုဒေသလေးရဲ့အားသာချက်ကအသီးအနှံတွေလတ်ဆတ်တာပဲ။အဖွားယိုထိုးတဲ့အခါလိုအပ်အောင်လို့သကြားညိုအနည်းငယ်ကိုလည်းငါ၀ယ်ခဲ့ပါသေးသည်။
အရုပ်သေးသေးလေးတွေ၊မုန့်ချိုတွေ၊အမှတ်တရပစ္စည်းတွေရောင်းတာမြင်သည့်အခါငါfourthကလေးကိုထပ်မံသတိရဖြစ်၏။Fourthသာဆိုမျက်၀န်းဝိုင်းလေးနဲ့လိုက်ကြည့်နေမှာ။
ပွဲတော်ဆိုသည့်အတိုင်းသေရည်ကမပါမဖြစ်။ဒေသထွက်ဆန်အရက်တွေငါ့ကိုတိုက်ပေမယ့်ငြင်းပါသေးသည်။သို့သော်တစ်ခါတစ်လေမှပြန်ဆုံရသည်ဟုပြော၍အတင်းတိုက်သောကြောင့်ငါအနည်းငယ်တော့သောက်ခဲ့ရ၏။
YOU ARE READING
Colours of Heather's(Geminifourth ff✅)
Fiksi Penggemarred mean i love you.. fanfiction main characters-Geminifourth total chapter-6 Hope you guys enjoy this💓