Real red

1.1K 87 47
                                    

ကိုယ်မင်းကိုချစ်တယ်။

ခရီးလေးဟာထင်တဲ့အတိုင်းနောက်ကျခဲ့၏။ငါတို့ပတ္တရားကိုရောက်တဲ့အချိန်ကမနက်၄နာရီပင်ရှိနေပြီ။ငါ့ဘေးနားက ကလေးငယ်လေးကတော့ခရီးပန်းပြီးအိပ်နေတုန်းပေ။

အရင်နှစ်ကပတ္တရားမှာငါ၀ယ်ထားသည့်အိမ်ကလေးဆီသာတစ်ချိုးထဲမောင်းလာခဲ့လိုက်၏။အကယ်၍ငါ့ရဲ့fourthလေးသာနိုးလာရင်ပျော်မြူးနေမှာအမှန်။

ကမ်းခြေနှင့်နီးသည့်အိမ်ကလေးဖြစ်သည့်အတွက်ငါ့ရဲ့
fourthသာပျင်းနေရင်ကားဖြင့်ခဏမောင်းပြီးသွားလို့ရလေသည်။

ထိုင်းနိုင်ငံရဲ့မြို့ကြီးတစ်မြို့ဖြစ်တဲ့ပတ္တရားကချမ်းသာပြီးပျက်စီးနေကြတဲ့ဆယ်ကျော်သက်အရွယ်တွေအများဆုံးတွေ့ရတတ်သည်။

သို့သော်လည်ပတ်စရာနေရာတွေများပြားသည့်အပြင်ညဈေးတန်းရဲ့အစားအသောက်တွေကလည်းကောင်း၏။fairy sweet villageလေးစီကိုငါ့ရဲ့fourthကိုခေါ်သွားမည်ဟုစဉ်းစားထားသည်။

Koh Samet Islandကိုလည်းခေါ်သွားမည်။Floating Market မှာလည်းအတူဈေး၀ယ်မည်။အဲ့အပြင်Anek Kusala Salaဘုံကျောင်းမှာလည်းဆုအတူတောင်းကြမည်။

ပတ္တရားရဲ့အလှအပတွေကိုရှုစားရင်းငါ့ရဲ့fourthလေးကိုသွားချင်သမျှနေရာအစုံလိုက်ပို့မည်။ပတ္တရားမှာငါပိုင်တဲ့ရွှေဆိုင်တစ်ဆိုင်လည်းရှိသည်။

စိန်လက်စွပ်လေးတစ်ကွင်းကိုလည်းငါကိုယ်တိုင်designဆွဲ
ထား၏။ဖြူအုအုလက်သွယ်သွယ်လေးတွေမှာလက်စွပ်ကလေးကိုငါကိုယ်တိုင်စွပ်ပေး၏။

အကောင်းဆုံးတွေသာပေးမည်ဟုလည်းငါဆုံးဖြတ်ထားသည်။fourthရဲ့ပထမဆုံးဟာငါမဖြစ်ခဲ့ရင်တောင်မှပေါ့။
တစ်ဘ၀လုံးစာအတွက်ပတ္တရားမှာသက်သေတည်ရင်းငါ့ရဲ့
fourthကိုစောင့်ရှောက်မည်ဟုငါတွေးထားသည်။

__________________________________

"fourth..ကိုယ့်အသက်ထတော့လေ"

ကိုယ်သေးသေးလေးကိုလှုပ်နိုးလိုက်ပေမယ့်တော်ရုံနှင့်နိုးမလာပေ။အအိပ်မက်ကလေးဟာရောက်ကတည်းကအိပ်နေတာခု၁နာရီထိုးသည်ထိ။

'တစ်ခုခုထစားဦးလေ'ဟုပြောတော့အသက်ကလေးဟာလက်ငါးချောင်းထောင်ပြရင်းတစ်ဖက်သို့လှည့်အိပ်သွား၏။ငါတိုးတိုးလေးရီမိသည်။

Colours of Heather's(Geminifourth ff✅)Where stories live. Discover now