မူရင်းအမည် - တစ်ချက်ထဲနဲ့ တသက်စွဲပြီ ရှင့်
ရေးသားသူ – အာသာပြေ(မန်း)နွေးသီတာနှင့် ကျော်ဌေးတို့ နှစ်ဖက် ဆွေမျိုး မိဘများကို အသိပေး၍ တွဲလာသည်မှာ ၂ နှစ်ခန့် ရှိလာပြီဖြစ်သည်။ ၂ ယောက်လုံး အသက် ၂၀ အရွယ် ငယ်ငယ်ချောချောလေးတွေ ဖြစ်၍ တွဲကြသည်ကို နေနဲ့လ ရွှေနဲ့ မြ တင်စားကြသည်။ နယ်မြို့လေးဖြစ်၍ လူတိုင်းက သတိပြုမိကြသည်။ သို့သော် ယခု ၁ နှစ်အတွင်း အရင်ကလို အဆင်မပြေတော့ပေ။ စကားများ ရန်ဖြစ်ရုံပင်မကတော့။ တခါတရံ မိဘတွေကိုပါ ထိခိုက်သည် အထိ ဖြစ်လာလေသည်။ တမြို့တည်းဖြစ်ပြီး စိတ်ချင်းဝေးလာတော့ သွေးလည်းအေးလာကြလေသည်။ တွဲလာသည့် တစ်နှစ်လောက်ပဲ ပျော်ပျော်ရွှင်ရွှင်ဖြင့် နေခဲ့ရသည်။ တစ်နှစ်ကျော်တော့ ကျော်ဌေးက အချိုးတွေ ပြောင်းလာသည်။ ကျော်ဌေးအကြောင်းတွေကို နွေးသီတာ မကြားချင်လည်း ကြားရသည်။ မသိချင်ပဲ သိရသည်။ ကျော်ဌေး အပျော်အပါးလိုက်စားသည်တဲ့။
ဒီကိစ္စနဲ့ပတ်သက်ပြီး နွေးသီတာက ဖြောင်းဖျပြောဆိုတော့ သူက နားမထောင်။ လုပ်သည့်အလုပ်က သူတို့အိမ်က လိုင်းကားနောက် အတွေ့အကြုံရရန် လိုက်သည်။ တခါတရံ ကိုယ်တိုင် ဝင်မောင်းသည်။ အလုပ်များပြီး ဝင်ငွေကောင်းသောအချိန် ခရီးဝေးပါ ထွက်ဖြစ်လာတော့ ကျော်ဌေး ပျက်တော့သည်။ ချစ်သူ နွေးသီတာကိုလည်း ကြင်ကြင်နာနာ မရှိသည့်အပြင် ဘာမဟုတ်သည့် ကိစ္စလေးနှင့် ရိုးမယ်ဖွဲ့ အပြစ်ရှာတတ်လာသည်။ ကြာတော့ နွေးသီတာ ကျော်ဌေးကို စိတ်နာလာသည်။ သူမအနေဖြင့် သစ္စာရှိရှိ နေထိုင်ပေးပေမယ့် ကျော်ဌေးက ပစ်ပယ်လာတော့ သီတာမှာ မခံနိုင်တော့သည့်အဆုံး မြို့ကြီးပေါ်သို့ စိတ်ပြေလက်ပျောက် ခေတ္တခဏ ပြောင်းလာခဲ့လိုက်တော့သည်။
ကျော်ဌေးနှင့် အဆင်မပြေသော်လည်း သူ့အမျိုးများနှင့် ရင်းနီးသဖြင့် နွေးသီတာမှာ ကျော်ဌေး၏ အစ်မဖြစ်သူ မြို့ပေါ်တွင် နေထိုင်သည့် ညိုညိုဌေး၏ အိမ်သို့ ဆင်းလာခဲ့လေသည်။
ညိုညိုမှာ ကျော်ဌေးထက် ၈ နှစ်ခန့် ပိုကြီးပြီး မြို့ပေါ်တွင် လင်မယားနှစ်ယောက်ထဲရှိနေသည်။ နှစ်ယောက်စလုံးက အလုပ်နှင့်ဆိုတော့ နွေးသီတာ ခိုကိုး၍ ရသည်။ ပြီးတော့ ညိုညိုက နွေးသီတာကို စာကူရှင်းပြပေးလေ့ရှိသည်။ ထို့ပြင် ညိုညိုက သူ့မောင် ကျော်ဌေး အကြောင်းကို ခရေစေ့တွင်းကျသိသည်။ ပြီးတော့ မိမိ၏ ညီမလေးလိုဖြစ်နေသည့် နွေးသီတာ့ဘက်မှ အမြဲနာတတ်သူ ဖြစ်သည်။ အရင်ကတည်းက ကျော်ဌေး နှင့် ရန်ဖြစ်လျှင် နွေးသီတာအား သူမ၏ အိမ်တွင်လာနေရန် ညိုညိုက အမြဲခေါ်တတ်သည်။ အခုတော့ နွေးသီတာမှာ ညိုညို့အိမ်သို့ တကယ်ရောက်လာရပြီ ဖြစ်သည်။
YOU ARE READING
အမှောင်လောကများ
Fanfictionမူရင်း ရေးထားသူတွေရဲ့ ဇာတ်လမ်းတွေကို စိတ်တိုင်းကျ ပြန်ပြင် Collection (ကလေးတွေ မဖတ်ရ... ဖက်ချင်ရင် ကောင်မလေးတွေ ငါ့ လာဖက်... ကောင်လေးတွေကတော့ ကိုယ့်စော်ကို ဖက်ကြပေါ့)