သမီးရဲ့ ဘဘကြီး

21.6K 43 13
                                    

ဇာတ်လမ်း အမည် - အသက်ရှည်ဆေး
ရေးသားသူ – အမည်မသိ

“မရဘူး၊ မရဘူး၊ ထပ်မထုတ်ပေးနိုင်တော့ဘူး။ အခု နင်ကြိုယူထားတာ နှစ်လစာတောင်ရှိပြီ။ ပြောလိုက် နင့်အမေကို မရတော့ဘူးလို့၊ လကုန်မှ ထပ်ပေးနိုင်မယ်၊ အခု လကုန်ဘို့ ၂ ပတ်တောင် လိုသေးတယ်၊ မပေးနိုင်ဘူး”

မျက်နှာငယ်လေးဖြင့် ကျုပ်မိန်းမပြောသမျှ နားထောင်နေသော ခင်ဝိုင်းက ဘာမှပြန်မပြောဘဲ ခေါင်းသာ အသာညိတ်ပြသည်။ ခင်ဝိုင်းတို့ မိသားစု အားလုံး အလုပ်လုပ်ကြသော်လည်း ဘယ်တော့မှ လောက်ငသည် မရှိ။ အခုလည်း သူ့အမေက သူ့လခ တစ်လစာ ထပ်ကြိုထုတ်ခိုင်းသည်ဟု ခင်ဝိုင်းကတောင်းသဖြင့် ကျုပ်မိန်းမက မပေးနိုင်ဘူး ငြင်းနေခြင်းဖြစ်သည်။

ကျုပ်သိသလောက် ခင်ဝိုင်းတို့မိသားစုမှာ ဖခင်က ဆိုက်ကားနင်းစားသော်လည်း အရက်သမား။ သူရှာသည့်ငွေက သူ့အရက်ဖိုးဖြင့်တောင် မလောက်ချင်။ မိခင်ကတော့ ခေါင်းရွက်ဗျပ်ထိုး ဈေးသည် ဆိုပေမဲ့ ဝင်ငွေက ဟုတ်တိပတ်တိ မရှိ။ ရောင်းမကုန်သည့် ပစ္စည်းပုပ်လို့ ပစ်ရသည်နှင့် တခါတခါ အရင်းပင်ရှူံးသည်။ ခင်ဝိုင်းက ကျုပ်အိမ်က အိမ်အကူ။ အိမ်အကူ ဆိုပေမဲ့ မနက်လာ ညပြန်၊ ကျုပ်တို့ကလင်မယား နှစ်ယောက်ထဲဆိုတော့ ညအိပ်ညနေ လူပိုခေါ်မထားချင်တော့ အိမ်မှာ မပေးအိပ်။ ခင်ဝိုင်း နေသည့် နေရာကလည်း ကျုပ်အိမ်နဲ့ သိပ်မဝေးဆိုတော့ သူ့အတွက် သွားရလာရ အဆင်ပြေတယ်လေ။ ဒါနဲ့ဘဲ မနက်ဆို ၆ နာရီလောက် ခင်ဝိုင်း အိမ်ရောက်လာ၊ ရှိသမျှ အိမ်အလုပ်တွေ ကျုပ်မိန်းမခိုင်းသမျှ လုပ်၊ ညနေ ၆ နာရီလောက်ဆို ပြန်ရော။ အဲ မနက်စာ ညစာကတော့ ကျုပ်အိမ်က စားသွားပေါ့။

ခင်ဝိုင်း ကျုပ်တို့အိမ်မှာ အိမ်အကူလာလုပ်သည်မှာ ၂ နှစ်ကျော် ၃ နှစ်နီးပါးပင်ရှိပြီ။ ရောက်ခါစက အပျိုဖော်ဝင်စ မဲမဲသဲသဲ၊ အသားအရေ ခြောက်ကပ်ကပ် ဖြစ်နေသော်လည်း ယခုတော့ စိုစိုပြေပြေ ပြည့်ပြည့်ဖြိုးဖြိုးဖြင့် လှသွေးကြွယ်သည့် အပျိုပေါက်ကလေးပင် ဖြစ်နေလေပြီ။

“ဟဲ့ ခင်ဝိုင်း”

“ရှင် ဘဘကြီး ဘာခိုင်းစရာရှိလို့လဲ”

အ​မှောင်​လောကများWhere stories live. Discover now