Part(5)

494 61 11
                                        

Unicode...

"ဉီးလေး သားအီးပါချင်တယ်"

ဂျွန်ဂယူရဲ့ငြူတူတူအသံလေးက ဟောက်သံတွေကိုမဖုံးလွှမ်းနိုင်ခဲ့ပေ။

"အား!!!!!အီးထွက်ကျတော့မယ် အီးအရမ်းပါချင်တယ် အူးဝါးးးး"

အခန်းလုံကြီးတစ်ခုလုံးပဲ့တင်သံတွေထွက်တဲ့အထိ ဂျွန်ဂယူရဲ့အသံကကျယ်လွန်းသည်။
အင်းအဲနဲ့နိုးလာတဲ့လူနှစ်ယောက်က မျက်လုံးတွေမဖွင့်ပဲ ဂျွန်ဂယူအအင်းပါဖို့ကို သူသွားတည်၊ငါသွားတည်နဲ့ဘောလုံးလေးလိုပုတ်နေကြသည်။

"သွားစမ်းပါဟေ့ကောင်ရာ ခုနတုန်းကငါသူ့ကိုမုန့်တွေခွံ့ကျွေးထားတယ်လေ အခုမင်းအလှည့်"

"မသွားဖူးကွာ!"

ငြင်းခုံပြီးပြန်အိပ်သွားကြတဲ့ထိုလူနှစ်ယောက်ကြောင့် ဂျွန်ဂယူအမှန်တကယ်စိတ်ညစ်သွားရတယ်။

"အီးပါချင်ပါတယ်ဆို သားအီးပါချင်တယ်လို့!!!!"

"ဟေ့ကောင်သွားစမ်းပါကွာ အာ့ကောင်လေးအော်တာနဲ့တစ်ညလုံးအိပ်ရမှာမဟုတ်ဖူး"

ထိုတော့မှ လူမိုက်တယောက်ကမထချင်ထချင်ဖြင့်ထလာပြီး ဂျွန်ဂယူခြေထောက်ကကြိုးတွေကိုဖြည်ပေးသည်။

"နောက်မင်းလိုကောင်မျိုးကိုသိန်းတစ်ရာပေးတောင်ပြန်ပေးမဆွဲဖူး"

သူ့ကိုစိတ်ပျက်လက်ပျက်ဖြစ်နေတဲ့ထိုလူမိုက်ကြီးကို သွားဖြဲရီပြလိုက်ရင်း ထိုင်ခုံကနေထလာတော့တယ်။အချိန်အကြာကြီးထိုင်ထားရတာမို့ရုတ်တရက်ထရပ်လိုက်တဲ့အခါ ခါးနေရာကနေ ဂျွတ်ခနဲအသံကမြည်လာသေးတယ်။

အိမ်သာမရှိတာမို့ ခြုံထဲမှာကိစ္စရှင်းရမှာကိုသေအောင်ငြင်းကန်နေခဲ့ပေမဲ့ ထိုလူမိုက်ကြီးကတောင်းတောင်းပန်ပန်နဲ့တောင်းဆိုနေတာကြောင့်ဂျွန်ဂယူမယ်မသန့်မရှင်းတဲ့ခြုံထဲမှာ အအင်းတွေကိုစွန့်ကြဲခဲ့ရသေးတယ်။

ကိစ္စရှင်းပြီး သူ့အကျီစကိုခပ်ဖွဖွဆွဲထားတဲ့ထိုလူအား အငိုက်ဖမ်းကာဆောင့်ရုန်းချလိုက်သည်။

"ခွေးကောင်လေး"

အနောက်ကလိုက်ဖမ်းနေတဲ့ထိုလူမိုက်ကအချိန်ခဏလေးအတွင်း ဂျွန်ဂယူကိုဖမ်းလို့မိသွားတော့တယ်။ဂုတ်ကနေကိုင်ပြီးဂိုထောင်ထဲပြန်ထည့်နေတာမို့ယက်ကန်ယက်ကန်နဲ့အပေါက်ဝဆီရောက်လာတော့သည်။

Mr.Watanabe and Babe KyuWhere stories live. Discover now