Part 3

129 10 0
                                    

"ရပြီ နွေနှိုင်း။မင်းအတွက် သီးသန့်စားပွဲပြင်ထားပေးတယ်။မနက်တိုင်း၊ညတိုင်း ငါ့ကြီးကြပ်မှုအောက်မှာ စာလုပ်ရမယ်။စားပွဲပေါ်က စာအုပ်ရဲ့ ပထမဆုံး စာမျက်နှာကို လှန်လိုက်"

နွေနှိုင်းလည်း ထော့နဲ့စွာ လမ်းလျှောက်ပြရင်း စာပွဲနားသို့ရောက်လာသည်။သီးသန့်စားပွဲဟု ပြောရလောက်အောင်ပင် စာပွဲနှင့် ထိုင်ခုံက သီးသီးသန့်သန့် သပ်ရပ်စွာပင်။ထိုင်ခုံကို ဆိုဖာ အိအိလေးပြင်ထားပေး ပေမယ့် ထိုင်လိုက်တော့ အနည်းငယ်နာသေးသည်။ စားပွဲပေါ်က စာအုပ်ကို လှန်ကြည့်တော့ ကွန်ပျူတာ စာစီမဟုတ်ပေမယ့် သေသပ်လှပတဲ့လက်ရေးနှင့် စည်းကမ်းချက်များကို ရေးသားထားသည်။

"အဲ့ဒီစည်းကမ်းချက်တွေကို ဦးနှောက်ထဲမှာ စွဲမြဲနေအောင်မှတ်ထား နွေနှိုင်း"

ဦေးန ပြောလာသည်ကိုပင်

၁။ အချိန်တိကျရမည်။

၂။ မနက်၆နာရီခွဲနှင့် ညနေ၅နာရီခွဲ မတိုင်ခင် စာကြည့်ခန်းသို့ ရောက်ရမည်။

၃။ ကျောင်းချိန် ပုံမှန်တက်ရမည်။

၎။ အပြင်သွားပါက ခွင့်ပြုချက် တောင်းခံရမည်။

၅။ ဆေးလိပ်၊အရက်၊ဘီယာစသည့် မူးယစ်ဆေးဝါးများ မသုံးစွဲရ။

၆။ လောင်းကစားများ မပြုလုပ်ရ။

၇။ ရန်ပွဲများ မဖန်တီးရ၊မပါဝင်ရ။

၈။ ကျောင်းဆင်းချိန်တွင် အိမ်သို့ တန်းပြန်ရမည်။

၉။ စကားပြောဆိုရာတွင် ဆဲဆို၊ရိုင်းစိုင်းသည့် အသုံးအနှုန်းများနှင့် မပြောဆိုရ။

၁၀။ အချိန်ဇယားအတွင်းရှိ နေ့စဉ်တာဝန်ကို ပြီးမြောက်အောင် လုပ်ဆောင်ရမည်။

မှတ်ချက်။          ။စည်းကမ်းများသည် အချိန်မရွေး ထပ်တိုးနိုင်သည်။စည်းကမ်းချက်များ မလိုက်နာပါက စည်းမျဉ်းနှင့် အညီ အပြစ်ပေးခံရမည်။

ဒီလောက်ပဲလား ဆိုတော့ မဟုတ်‌သေး။နောက်စာမျက်နှာများတွင် အပြစ်ဒဏ်များကို အသေးစိတ်ကအစ ပြည့်စုံစွာရေးထားသေးသည်။

Modest Love (Zawgyi)Donde viven las historias. Descúbrelo ahora