"ဟို ရပြီ ဦးနေ အိမ်ပဲ ပြန်ကြရအောင်"
ဦးနေက အိမ်ပြန်ရင်းနှင့် ကြုံသော ဆိုင်အနားသို့ ကားကို ထိုးရပ်ကာ အပြင်ထွက်ရန်ပြင်သည်။
"ဦးနေ ကျွန်တော့် အတွက် အာလူးကြော်နဲ့ Cola ဝယ်ပေးခဲ့ဦးနော်"
"အင်း ဝယ်ခဲ့မယ်"
ရပြီဆိုပြီး မုန့်ဆိုင်နား ဆင်းတာနဲ့ မမှီမှာစိုးသလို ပြာသလဲလဲ မုန့်လှမ်းမှာတဲ့နွေကြောင့် နေ နှုတ်ခမ်းတွန့်ယုံ ပြုံးမိသည်။ဈေးဝယ်လျှင် ကြိုက်ရာ အေးဆေး ရွေးမဝယ်တတ်တာကြောင့် တွေ့ရာမုန့်တွေကို ကောက်ထည့်လာခဲ့ပြီး ကားထံ အမြန် ပြန်လာခဲ့သည်။နွေကတော့ ကျန်ကျောင်းအိတ်အပြည့် မုန့်ထုပ်ကြီးကို ဖက်ပြီး တစ်ထုပ်ပြီးတစ်ထုပ် ဖောက်စားနေလေရဲ့။
"ဦးနေ ဒီ တစ်ထုပ်က ဘာအရသာကြီးမှန်းမသိဘူး။စားလို့လည်း မကောင်းဘူး"
".....………"
"အွန်း ဒီဟာ စားကောင်းတယ် နှိုင်းအကြိုက်ဆုံး အာလူးကြော်လေး အရမ်းစားကောင်းတာ ဦးနေ စားကြည့်ပါလား"
ကားမောင်းနေတဲ့ ဦးနေကို အာလူးကြော်တစ်ဖတ် လှမ်းပေးကာ မေးမိပြန်သည်။
"နွေနှိုင်း ထမင်းမစားနိုင်ပဲနေမယ်။ဒီတစ်ထုပ်ပီးရင် ထပ်မစားနဲ့တော့"
"ဘာလိုလိုနဲ့ ဗိုက်ပြည့်သွားသလိုပဲ။ဦးနေ ဒီနေ့ ထမင်း မစားတော့လို့ရလားဟင်"
အိမ်နားရောက်ခါနီးမှ ကားကို ရပ်လိုက်ကာ နွေကို လှည့်ကြည့်လာသည်။ခါတိုင်းလည်း ဦးနေက အနောက်တိုင်းဝတ်စုံဝတ်ထားပေမယ့် ဒီနေ့တော့ အနီးကပ် တွေ့ရတာကြောင့်လားမသိ ပို၍ ထူးထူးခြားခြား ခန့်ညားနေသလို။
"ထမင်းမစားနိုင်တော့ဘူးလား"
"ဟုတ် ဦးနေ"
"ကျောင်းတက်ဖို့ကလည်း လိုသေးတယ်ဆိုတော့ အလုပ်ကို လိုက်မလား။ကိုယ် လုပ်စရာတွေ ရှိသေးတယ်"
"ရတယ်လေ ဦးနေ လိုက်မယ်"
နွေ သိချင်နေခဲ့တာကြာပြီဖြစ်တဲ့ ဦးနေရဲ့ အလုပ်တွေကို ကြည့်ခွင့်ရမယ်၊သိခွင့်ရမယ်ဆိုတာကြောင့် နွေ ပျော်သွားသည်။
VOCÊ ESTÁ LENDO
Modest Love (Zawgyi)
Romanceနေဂုဏ်မှိုင်း ငါ့ရဲ့ စိတ်ရင်း အမှန်သာဆို ငါ မင်းကို နာကျင်အောင် ဘယ်လုပ်ရက်ပါ့မလဲ။မင်း မွေးဖွားလာတဲ့အကြောင်းကို တွေးမိတာနဲ့ မင်းကို နာအောင်လုပ်ပီး ရလာတဲ့ မင်းရဲ့ အော်ဟစ်သံကို ပိုကြားချင်လာတယ်။ နွေတုနှိုင်း လူမှန်းသိတတ်စ အရွယ်ကတည်းက အဖေလို့မခေါ်ခဲ့ရသလို၊...