"နွေတုနှိုင်း .. စည်းကမ်းတွေ သေချာဖတ်ပြီး သေချာလိုက်နာပါ။အများကြီး မပြောချင်ဘူး။ပါးစပ်ညောင်းတယ်။နောက်ခါတွေဆို တုတ်နဲ့ပဲ သတိပေးမယ်"
"တုတ်နဲ့ သတိပေးတာကျ လက်မညောင်းဘူးလား ဦးနေ"
ပြောပြီး ဦးနေကို လှမ်းကြည့်မိတော့ ဦးနေနဲ့ အကြည့်ချင်းဆုံသွားတာမို့ ပြုံးပြလိုက်ကာ အကြည့်လွဲလိုက်ရသည်။
"မညောင်းလောက်ပါဘူး။လေ့ကျင့်ခန်းတောင် ဖြစ်သေး။နော့် ဦးနေ"
ရိုက်ခံရတော့မယ်ထင်နေတာ။ဦးနေက အဲ့ဒီအကြောင်းစကားထဲတောင် ထည့်မပြောတာမို့ နွေ စိတ်သက်သာရာ ရသွားသည်။ဦးနေကို ကြောက်ရတာကြောင့် နွေ စိတ်အလိုမကျပေမယ့် စည်းကမ်းကို လိုက်နာနေရသည်။တေဇကလည်း ကျောင်းပြေးဖို့ ကျောင်းလစ်ဖို့ချည်း လာလာခေါ်နေတာကြောင့် အားနာနာနှင့် တစ်ရက် လိုက်ကူလိုက်သေးသည်။
"ဟျောင့် ငနှိုင်း ဟိုမှာ မင်းအဖေမလား"
စာကူးနေရာမှ တေဇ စကားကြောင့် နှိုင်း အခန်းအပြင်သို့ လှမ်းကြည့်လိုက်တော့ အဟုတ် ဦးနေ ဖြစ်နေသည်။ကျောင်းအုပ် ဆရာမကြီးနဲ့အတန်းပိုင်ဆရာမနဲ့ ဦးနေနဲ့ ဘာတွေ ပြောနေကြမှန်းမသိရ။အခန်းပြင် ရပ်နေတာကြောင့် ကျောင်းလစ်တဲ့ကိစ္စ သိသွားတာလားဆိုပြီး စိုးရိမ်မှုတော့ အနည်းငယ်ရှိသည်။ အခန်းထဲက ကောင်မလေးများကတော့ ရုတ်ရုတ်သဲသဲ ဦးနေ၏ချောမောခန့်ညားနေမှု အကြောင်းကို တီးတိုးပြောရင်း ငေးကြည့်နေကြသည်။ယောက်ျားလေးများကပါ ငေးမောနေကြတဲ့ ဦးနေကိုကြည့်ကာ ငါ့အဖေကွ ဆိုတဲ့ ဒီဇိုင်းနဲ့ စိတ်ကြီးဝင်မိတာတော့ အမှန်ဘဲ။
"မင်းကို ချောလှပြီထင်နေတာ မင်းအဖေက ပိုချောတာပဲ"
"ဟမ် နွေနှိုင်း အဖေလား"
"ဟုတ်လို့လား။ဒီကောင့် အဖေကို ဘယ်သူတွေ့ဖူးလဲ"
"မင်းအဖေကို ဘယ်သူမှ မမြင်ဖူးဘူးဆိုပြီး ချောတာမြင်တိုင်း ဖအေတော်ချင်နေတာမလား "
တေဇ ရဲ့ စကားအပြီးတွင် ချက်ချင်း မယုံကြည်တဲ့စကားလုံးတွေက တော်တော်များများ ကြားနေရသည်။ဟုတ်တယ် အဲ့ဒါ ငါ့အဖေ ဆိုပြီး ပြောပြပြန်ရင်လည်း ကြွားရာကြအုံးမယ်။
ESTÁS LEYENDO
Modest Love (Zawgyi)
Romanceနေဂုဏ်မှိုင်း ငါ့ရဲ့ စိတ်ရင်း အမှန်သာဆို ငါ မင်းကို နာကျင်အောင် ဘယ်လုပ်ရက်ပါ့မလဲ။မင်း မွေးဖွားလာတဲ့အကြောင်းကို တွေးမိတာနဲ့ မင်းကို နာအောင်လုပ်ပီး ရလာတဲ့ မင်းရဲ့ အော်ဟစ်သံကို ပိုကြားချင်လာတယ်။ နွေတုနှိုင်း လူမှန်းသိတတ်စ အရွယ်ကတည်းက အဖေလို့မခေါ်ခဲ့ရသလို၊...