Episode 1

15.9K 394 45
                                    

Unicode

စာရေးသူ မှတ်စုတို

ဤဇာတ်လမ်းတွင်ပါဝင်သော တည်နေရာ၊လူနေမှုပုံစံ၊ယဥ်ကျေးမှု ဓလေ့ထုံးတမ်းတို့သည် စာရေးသူ၏ စိတ်ကူးသက်သက်သာဖြစ်သည်။တစ်ချို့အကြောင်းရာများသည် လက်တွေ့ဘဝနဲ့ တစ်ထပ်တည်းကျနေမှာမဟုတ်ပါဘူး။တိုင်ဆိုင်မှု၊လွဲမှားမှု တစ်စုံတစ်ရာရှိခဲ့လျှင် လွတ်လပ်စွာ ဝေဖန်နိုင်၊ထောက်ပြနိုင် ပါသည်။

***************

ငွေရောင် လက်လက်ထကာ တောက်ပြောင်နေတဲ့ကားဖြူလေးတစ်စီးသည် တောင်ပေါ်မြေ၏ အနိမ့်အမြင့် ကုန်း(ဂုန်း)ဆင်း/တက် များအား ဖြတ်မောင်းရင်း ချယ်ရီပန်းနံ့ ကြိုင်နေတဲ့ လမ်းတစ်လျှောက် တစ်လှိမ့်ချင်းလှိမ့်ကာ မောင်းနှင်လာလေသည်။

ချောက်ကမ်းပါးများပေါသောကြောင့် ကားမောင်းသည့်အခါ သတိဝိရိယကြီးစွာ ဂရုတစိုက်မောင်းနှင်ရလေသည်။တောင်တက်၊တောင်ဆင်း လှိမ့်မောင်းလာသည့်ကားလေးသည် လုံးချင်းအိမ်လေးတွေ ပြိုင်ပြီး ဆောက်ထားတဲ့ လမ်းလေးထဲ ချိုးဝင်လိုက်ပြီး ချယ်ရီပန်း အုံ့အုံ့နှင့် နှစ်ထပ်အိမ်လေး ရှေ့ရောက်တဲ့အခါ မောင်းနှင်ခြင်းလဲ ရပ်တန့်သွားခဲ့သည်။

"အယ်....ဆရာမကြီးတို့ ရောက်လာပြီလား"

အိမ်ထဲမှထွက်လာသော အိမ်ရှင်ဟန်တူသည့် အဒေါ်ကြီးသည် မိမိတို့ သားအမိကို မြင်သည်နှင့် ​ပြာပြာသလဲ စီးကြိုရှာသည်။

"လာမယ်ဆိုလို့ မနက်ထဲက မျှော်နေတာ ဆရာမကြီးရေ ဒါနဲ့ အိမ်က တစ်ယောက်ထဲငှားနေမှာလား"

"သားအမိနှစ်ယောက်ပါရှင့်"

ထိုအဒေါ်ကြီးကမေမေ့ရဲ့နောက်မှာ ကပ်ပြီး ရပ်နေတဲ့ ကျွန်တော့်ကို အခုမှမြင်ဟန် အပြုံးလေးဖြင့်နှုတ်ဆတ်သည်။

"နှစ်ယောက်ဆိုတော့ ကောင်းတာပေါ့ရှင် ဒီဘက်လမ်းက အိမ်ခြေနည်းတော့ လူသွားလူလာလဲ ပါးတယ်လေ တစ်ယောက်ထဲဆို ဆရာမကြီးလဲ ခြောက်ကပ်ကပ်ဖြစ်နေမှာပေါ့"

"ကျွန်မက တိတ်ဆိတ်တာလေးသဘောကျလို့ ဒီဘက်အခြမ်းကို တမင်ငှားလိုက်တာ တာဝန်ကျတဲ့ ၁နှစ်အတွင်း ခဏတဖြုတ်လောက်ပဲနေမှာဆိုတော့လေ နားအေးပါးအေးပဲနေချင်လို့"

နှလုံးသားပန်းတို့ ဖူးပွင့်ရာနယ်မြေ [COMPLETED]Where stories live. Discover now