Episode 43

1.7K 97 40
                                    

Unicode

တောင်တက်၊တောင်ဆင်း လမ်းတွေကို ဖြတ်မောင်းရသည်မလို့ တည်တံ့တို့ စီးလာတဲ့ ဆိုင်ကယ်မှာ အခြေအနေမဟန်ချင်တော့။ဆီကလဲ ဖြည့်မလာမိတာကြောင့် ဆီပျက်တော့မည်ကို တည်တံ့ခံစားမိ၏။

ထင်သည့်အတိုင်း ထိုးရပ်သွားတဲ့ ဆိုင်ကယ်ကြောင့် မိုးသည်းကို ခဏဆင်းခိုင်းကာ ဆိုင်ကယ်ကို ဒေါက်ထောက်လိုက်သည်။ဆီက တကယ်ပျက်သွားတာမလို့ စိတ်ရှုပ်ရှုပ်နှင့် ဆံပင်တွေကို ထိုးဖွလိုက်မိသည်။

"တည်တံ့"

"ဆီပျက်သွားပြီ မိုးသည်း"

မိုးသည်းလဲ စိတ်အလိုမကျသလို မျက်နှာလေး ရှုံ့မဲ့သွားသည်။အလာတုန်းကလဲ ဆီပျက်၊အပြန်ကျတော့လဲ ဆီပျက်၊မိုးသည်း ဘယ်လောက်တောင် ကံဆိုးနေလိုက်သည်လဲ။

"ခဏလောက် စောင့်ရအောင် တစ်စီးမဟုတ်တစ်စီးတော့ လာမှာပါ"

"အင်း"

မိုးသည်းလဲ လမ်းဘေးတစ်နေရာက ချယ်ရီပင်အောက် ဝင်ရပ်လိုက်ရင်း အပူဒဏ်လျော့အောင် အရိပ်ခိုနေလိုက်သည်။တည်တံ့လဲ ထိုနည်းတူပင် ဆိုင်ကယ်ကိုပါ သစ်ပင်အောက်ထိ တွန်းလာပြီး မိုးသည်းဘေးသို့ဝင်ရပ်သည်။

"တအား ပူနေလား"

"ရပါတယ်"

တည်တံ့က နေရောင်ထိုးနေတဲ့ မိုးသည်းမျက်နှာကို လက်ဖြင့်ကာပေးရင်း မေးတော့ မိုးသည်းက တည်တံ့လက်ကို ကိုင်ကာ ဖယ်ချသည်။

ထိုအချိန် လမ်းမပေါ် အရှိန်ဖြင့်မောင်းလာတဲ့ ကားကို မြင်တော့ တည်တံ့ပျော်သွားကာ အတင်းတားယူရသည်။သို့သော် တည်တံ့ရဲ့ ပျော်ရွှင်မှုတွေက ခေတ္တမျှသာ၊ကာားမှန်ချလိုက်သည်နှင့် မြင်လိုက်ရသည့် မျက်နှာကြောင့် စိတ်ပျက်လက်ပျက်ပင် မျက်နှာကို ဘေးသို့ လွှဲချပစ်သည်။

"ဦးငယ်~"

"အင်း ဘာဖြစ်တာလဲ မိုးသည်း ကိုယ် ဘာကူညီပေးရမလဲ"

"ဆီပျက်တာတဲ့ ဦးငယ်ပြန်မှာလား ဦးငယ်ပြန်မှာဆို လမ်းကြုံခေါ်သွားပေးပါလား"

မိုးသည်းကဆိုတော့ နဒီထွဋ်ခေါင်က တည်တံ့ဘက်ကို မျက်လုံးဆွေကြည့်သည်။

နှလုံးသားပန်းတို့ ဖူးပွင့်ရာနယ်မြေ [COMPLETED]Where stories live. Discover now