Episode 7

2.8K 193 36
                                    

Unicode

ဤနေ့သည် စာမေးပွဲဖြေသည့်နေ့ ဖြစ်တာကြောင့်ဘုရားရှစ်ခိုးသံတွေနှင့် ဆူညံနေတက်သည့် အခန်းလေးက သော့ခတ်ထားလျက်ဖြစ်နေသည်။အတန်းရှေ့၌လည်း ကျောင်းသူ/သားများ စာကျက်သံတွေကြောင့် တစ်ကျောင်းလုံးပွက်လောရိုက်ကာဆူညံနေသည်။

မိုးသည်းတို့ကျောင်းရောက်လာတော့ စာမေးပွဲဖြေရန် အချိန်က သိပ်မလိုတော့တာကြောင့် အခန်းတံခါးလဲ ပွင့်နေပြီဖြစ်သည်။လွယ်အိတ်ထဲမှ ဘောပင်အိတ်လေးကိုထုတ်ကာ မိုးသည်းလည်းအခန်းထံဝင်ရန် ပြင်လိုက်သည်။

ကောင်းခန့်ဦးတို့၊စိုင်းမြတ်နိုးတို့နဲ့ စကားကောင်းနေတဲ့ တည်တံ့အား တစ်ချက်မျှဆွေကြည့်ကာ မိမိ ခုံနံပါတ်ကိုရှာ၍ နေရာ၌ဝင်ထိုင်လိုက်သည်။

၉နာရီ ထိုးတော့ ဘဲလ်တီးလာပြီမလို့ အကုန်လုံး စာမေးခန်းထဲ ဝင်ကြသည်။တည်တံ့က မိုးသည်းနှင့် မျက်စောင်းထိုး ခုံ၌ ကျလေသည်။မိမိကိုလှည့်ကြည့်နေတဲ့ မိုးသည်းအား မျက်လုံးလေးတစ်ဖက်ကို မှိတ်ပြရင်း ပြုံးပြလိုက်တော့ တစ်ဖက်က မိုးသည်းကပါ အနည်းငယ်ပြုံးယောင်သမ်းသွားတာကို မြင်လိုက်သည်။

ထိုအပြုံးမမည်တဲ့ အပြုံးသေးသေးလေးကြောင့် တည်တံ့မှာ မှင်သေသေဖြစ်သွားသည်။ရင်ထဲ တစ်နေရာကပါ ဆစ်ခနဲ နာသွားတာမလို့ ရင်ဘတ်လေးကိုအသာ ဖိလိုက်ရသေးသည်။

*ဘာလေးလဲကွာ။

မနက်၉နာရီမှာ စတင်တဲ့စာမေးပွဲအခန်းလေးထဲ၌ စာမေးပွဲကြောင့် ရင်ခုန်နေတဲ့ ကောင်လေးရှိသလို၊အပြုံးလေးတစ်ပွင့်ကြောင့် ရင်ခုန်နေတဲ့ ကောင်လေးလဲ ရှိနေခဲ့ပါတယ်။

##

"တည်တံ့!"

စာမေးပွဲပြီးသည်နှင့် တည်တံ့နှင့်မိုးသည်း နှစ်ယောက်အတူ ပြန်ဖို့ လုပ်နေရာမှ နောက်ကနေ လှမ်းခေါ်လာတဲ့ အသံကြောင့် နှစ်ယောက်လုံး ထိုအသံလားရာဆီလှည့်ကြည့်မိသည်။

တည်တံ့အနားကို အမောတကော ပြေးလာတဲ့ ကောင်းခန့်နဲ့စိုင်းမြတ်နိုး တို့နှစ်ယောက်ကြောင့် တစ်စုံတစ်ခုများဖြစ်သည့်အလား စိုးရိမ်ရသေးသည်။

နှလုံးသားပန်းတို့ ဖူးပွင့်ရာနယ်မြေ [COMPLETED]Where stories live. Discover now