Episode 30

2.4K 135 59
                                    

Unicode

"တည်တံ့!"

ရုတ်တရတ် ဆိုသလို မိုးသည်းရှေ့ တိုးကပ်လာတဲ့ တည်တံ့ကြောင့် သတိပေးသလို ခပ်ဆတ်ဆတ်လေး ခေါ်လိုက်သည်။သို့သော်ငြား မရေးမစိုက်တဲ့ တည်တံ့က မိုးသည်းရဲ့ ချွတ်လုဆဲဆဲ အင်္ကျီကို ပခုံးပေါ်ပြန်တင်ကာ ကြယ်သီးတွေကို ပြန်တပ်ပေးသည်။

တစ်ခုခု လုပ်မည် အထင်နှင့် လန့်သွားပေမယ့် လက်တွေ့မှာ အေးအေးလူလူပင် ကြယ်သီးတပ်ပေးနေပြီ ဖြစ်တဲ့ တည်တံ့ကို နားမလည်နိုင်တဲ့ မျက်လုံးတွေဖြင့်ကြည့်နေမိသည်။ပြုံးယောင်သမ်းနေတဲ့ မျက်နှာကို စက္ကန့်မလန့်လိုက်ကြည့်ရင်း ထိုအပြုံးတွေရဲ့ အဓိပ္ပာယ်ကို ရှာဖွေနေမိသည်။

မဖြစ်နိုင်မှန်းသိပေမယ့် တစ်ခါတလေ တည်တံ့လဲ မိုးသည်းအပေါ် စိတ်တွေ ယိုင်နဲ့နေတယ်လို့တော့ ထင်မိသည်။စိတ်ကူးယဥ်မိတာဆို ပိုမှန်လေမလား။တည်တံ့လည်း မိုးသည်းရင် ချစ်ရင် ကောင်းမှာပဲ ဆိုပြီးလေ။

သို့ပေမယ့် ဤအရာက ဘယ်သောအခါမှ ဖြစ်မလာနိုင်သည့် စိတ်ကူးသက်သက်ပင်။တည်တံ့ကလဲ ယောကျာ်းတစ်ယောက်၊မိုးသည်းကလည်း ယောကျာ်းတစ်ယောက် ဤသို့ ယောကျာ်းနှစ်ယောက်အတွက် အချစ်ဆိုတာ ဦးငယ်ပြောသလို အပြစ်တစ်ခု မဟုတ်ခဲ့ရင်တောင် ကောင်းတဲ့အရာလဲ ဟုတ်မနေပါ။

တည်တံ့သည် ကလေးတစ်ယောက်လို အပြစ်ကင်းပြီး မိုးသည်းအပေါ်လဲ သူငယ်ချင်းထက် ပိုမနေတာ အသိသာကြီးမလား။ မိုးသည်းကသာ အကြိမ်ကြိမ် ပြစ်မှားမိနေတာ။အဲ့ဒါကလည်း မိုးသည်း ရန်ကုန်ကို ပြန်မလာခင် ညက ပေးခဲ့တဲ့ ဆွဲကြိုးလေးကြောင့် သေချာသွားတာဖြစ်သည်။

တည်တံ့စိတ်ထဲ ဘာတွေ ရှိနေလဲ မိုးသည်းမတွေးရဲ။အဆုံးအစွန် ပြောရရင် ဒီနေရာကို တည်တံ့ရောက်လာတာတောင် ကိုယ့်ကြောင့်လို့ ထင်မိတဲ့ အထိ ရူးကြောင်ကြောင်တွေ တွေးမိသေးတာ။

"မိုးသည်း"

"...."

"မိုးသည်း...လို့"

"အမ်...ဟမ်"

အတွေးလွန်နေတဲ့ မိုးသည်းက တည်တံ့ရဲ့ လေးပင်တဲ့ ခေါ်သံကြားမှ သတိပြန်ကပ်သည်။ထို့နောက် အယောင်ယောင်အမှားမှားဖြင့်အနောက်သို့လှည့်ပြီး ဘေစင်က ရေပန်းကို ဖွင့်ချကာ လက်တွေကိုပါ ဆေးကြောလိုက်သည်။မိုးသည်းနောက်မှာ ကပ်လျက်ရှိနေသေးတဲ့ တည်တံ့ကို မှန်ထဲကနေ တစ်ဆင့် မြင်လိုက်ရတာကြောင့် လူကလဲ တွန့်သွားသည်။

နှလုံးသားပန်းတို့ ဖူးပွင့်ရာနယ်မြေ [COMPLETED]Where stories live. Discover now