24/7 (Taekook)

256 12 4
                                    

ကိုယ်တို့နှစ်ယောက်ရဲ့ အချိန်တွေက ကိုယ်တို့နှစ်ယောက်အတွက်ပဲဖြစ်ခဲ့တာ..။

ကြားလူတွေ? လုံးဝမရှိခဲ့ပါဘူး... အဆင်မပြေတာတွေ? အင်း ဒါလည်းမရှိခဲ့ပါဘူး...

မင်းမျက်ဝန်းလှလှလေးကို ကိုယ်ကအမြဲစိုက်ကြည့်ရတာ သဘောကျစွဲလမ်းခဲ့ရတာ..။

မင်းရဲ့ လေးထောင့်ဆန်ဆန်နှုတ်ခမ်းပါးလှလှလေးကနေ ဂျွန်လို့ တစ်ခါခေါ်လိုက်တိုင်းလည်း ကိုယ့်အသည်းတွေ ရူးခါမတတ်ပါပဲ..။

ဒါပေမဲ့ ဒါပေမဲ့လည်း ကိုယ်တို့ဘဝရဲ့အချိုးအကွေ့ကြီးတစ်ခုကြောင့် တဖြည်းဖြည်း ဝေးကွာလာရတယ်..။

အားလုံးက ကိုယ့်ကလေးလေး‌ရဲ့အမှားလုံးဝမပါပါဘူး..။

လောဘစိတ်ကြောင့် ဒီလမ်းကိုရွေးချယ်ခဲ့မိတဲ့ ကိုယ့်ကြောင့်ပါပဲ..။

မင်းရဲ့ဂျွန်က ကလေးလေးဆီကို အလုပ်တွေပြီးတာနဲ့ အမြန်ပြန်လာပြီး လွမ်းနေခဲ့ရတဲ့ မင်းကိုယ်ငွေ့လေးကိုခံယူရင်း အလွမ်းတွေသယ်လှည့်ပါ့မယ်..။

နေ့ရက်တွေက အနည်းငယ်ရှည်ကြာရဦးမှာဆိုပေမဲ့ ကိုယ်တို့နှစ်ယောက်လုံးစိတ်ရှည်ကြရမယ်မဟုတ်လား..?

Zawgyi










Colors of you & your boyWhere stories live. Discover now