My Sea (Yeonbin)

228 16 5
                                    

မောင်ဟာ သူသဘောအကျဆုံး ပင်လယ်တွေနဲ့တူသည်..။

ပင်လယ်တွေအနားရောက်လျှင် အလိုလိုပင် လူကလန်းဆန်းလာရသလိုပင် မောင့်အနားရောက်လျှင်လည်း သူ့ရဲ့မကြည်လင်နေတဲ့စိတ်တွေဟာ ပြေပျောက်သွားရသည်။

မြင်တဲ့သူတိုင်းကို စိတ်အေးချမ်းစေသည့်အပြုံးမျိုးပိုင်ဆိုင်ထားတဲ့မောင်..။

ပင်လယ်တွေလို အန္တရာယ်များတဲ့မောင်..။

နားလည်ရခက်တဲ့မောင်..။

Choi Yeonjun ရဲ့ အားနည်းချက်လေးမောင်..။

"မောင်ကလေ ငါ့ဘဝအတွက်တော့ တကယ်အလင်းရောင်လေးပါပဲ"

"ဟော... ရုတ်တရက်ကြီး"

"ဘာဖြစ်လဲ ပြောလို့မရဘူးလား မရလည်းပြောမှာပဲ"

နှုတ်ခမ်းလေး တဆူဆူဖြင့် ရန်လာတွေ့နေသော သူ့ရဲ့အသက်ကလေးအား အသည်းယားစွာဖြင့် နှုတ်ခမ်းလေးကို အနမ်းပေးမိတော့ ရှက်ပြုံးလေးပြုံးကာ သူ့ရင်ခွင်ထဲတိုးဝင်လာသည်။

"အများကြီးချစ်တယ်မောင်... မင်းရဲ့ အေးစက်စက်ဆက်ဆံပုံတွေကို ငါတကယ်မခံစားနိုင်တာမို့ နောက်ဆိုငါအမှားလုပ်မိရင် ဒီအတိုင်းဆူလိုက်ပါနော်"

"အော မောင့်အသက်လေးကို အများကြီးသဝန်တိုမိလို့ တစ်ခါတလေဒေါသထွက်ရုံပါပဲ... အဲ့ဒီအချိန် ယောန်ကိုစကားပြောမိရင် အမှားပါမှာစိုးလို့... နောက်ဆို အဲ့လိုမလုပ်တော့ဘူးနော် အသက်ငယ်"

ပင်လယ်ပြာပြာတွေရယ်၊ Choi Soobin ဆိုတဲ့မောင်ရယ်၊ မောင့်ရဲ့သဝန်တိုမှုတွေရယ်ဟာ Yeonjun သဘောအကျရဆုံးအရာတွေ..။

ပင်လယ်တွေနဲ့ တူတဲ့မောင်နှင့်အတူ ပင်လယ်ကြီးရဲ့အနီးမှာ အေးချမ်းစွာနေထိုင်ချင်တာ..။

Zawgyi

ေမာင္ဟာ သူသေဘာအက်ဆဳံး ပင္လယ္ေတြနဲ႕တူသည္..။

ပင္လယ္ေတြအနားေရာက္လွ်င္ အလိုလိုပင္ လူကလန္းဆန္းလာရသလိုပင္ ေမာင့္အနားေရာက္လွ်င္လည္း သူ႕ရဲ႕မၾကည္လင္ေနတဲ့စိတ္ေတြဟာ ေျပေပ်ာက္သြားရသည္။

ျမင္တဲ့သူတိုင္းကို စိတ္ေအးခ်မ္းေစသည့္အၿပဳံးမ်ိဳးပိုင္ဆိုင္ထားတဲ့ေမာင္..။

ပင္လယ္ေတြလို အႏၱရာယ္မ်ားတဲ့ေမာင္..။

နားလည္ရခက္တဲ့ေမာင္..။

Choi Yeonjun ရဲ႕ အားနည္းခ်က္ေလးေမာင္..။

"ေမာင္ကေလ ငါ့ဘဝအတြက္ေတာ့ တကယ္အလင္းေရာင္ေလးပါပဲ"

"ေဟာ... ႐ုတ္တရက္ႀကီး"

"ဘာျဖစ္လဲ ေျပာလို႔မရဘူးလား မရလည္းေျပာမွာပဲ"

ႏႈတ္ခမ္းေလး တဆူဆူျဖင့္ ရန္လာေတြ႕ေနေသာ သူ႕ရဲ႕အသက္ကေလးအား အသည္းယားစြာျဖင့္ ႏႈတ္ခမ္းေလးကို အနမ္းေပးမိေတာ့ ရွက္ၿပဳံးေလးၿပဳံးကာ သူ႕ရင္ခြင္ထဲတိုးဝင္လာသည္။

"အမ်ားႀကီးခ်စ္တယ္ေမာင္... မင္းရဲ႕ ေအးစက္စက္ဆက္ဆံပုံေတြကို ငါတကယ္မခံစားနိုင္တာမို႔ ေနာက္ဆိုငါအမွားလုပ္မိရင္ ဒီအတိုင္းဆူလိုက္ပါေနာ္"

"ေအာ ေမာင့္အသက္ေလးကို အမ်ားႀကီးသဝန္တိုမိလို႔ တစ္ခါတေလေဒါသထြက္႐ုံပါပဲ... အဲ့ဒီအခ်ိန္ ေယာန္ကိုစကားေျပာမိရင္ အမွားပါမွာစိုးလို႔... ေနာက္ဆို အဲ့လိုမလုပ္ေတာ့ဘူးေနာ္ အသက္ငယ္"

ပင္လယ္ျပာျပာေတြရယ္၊ Choi Soobin ဆိုတဲ့ေမာင္ရယ္၊ ေမာင့္ရဲ႕သဝန္တိုမႈေတြရယ္ဟာ Yeonjun သေဘာအက်ရဆုံးအရာေတြ..။

ပင္လယ္ေတြနဲ႕ တူတဲ့ေမာင္ႏွင့္အတူ ပင္လယ္ႀကီးရဲ႕အနီးမွာ ေအးခ်မ္းစြာေနထိုင္ခ်င္တာ..။

Colors of you & your boyWhere stories live. Discover now