စတင်တွေ့ဆုံကြခြင်းမှာ အချို့သော အတွဲတွေလို ကဗျာဆန်ဆန်တွေ့ဆုံခြင်းမျိုးလည်းမဟုတ်ခဲ့ဘဲ သာမန်လုပ်ဖော်ကိုင်ဖက်တွေအဖြစ်သာ စတင်မိတ်ဆက်ဖြစ်ခဲ့ကြသည်။ မှတ်မှတ်ရရ Yeonjun ရဲ့ Studio မှာ Soobin အလုပ်လာလျှောက်ခဲ့သည့်နေ့မှာ ပထမဆုံးနှင်းကျခဲ့သည်။
Dance studio တစ်ခုဖွင့်ထားပြီး တစ်ယောက်တည်းသာ အလုပ်လုပ်နေခဲ့သော Yeonjun ဟာ တဖြည်းဖြည်းနာမည်ရလာတော့ တစ်ယောက်တည်းမနိုင်သည်မို့ အတူတူကူပေးနိုင်မည့်သူတစ်ယောက်ကိုရှာဖွေရန် အိမ်နီးချင်းအပြင် ကျောင်းတုန်းက ဂျူနီယာတစ်ယောက်လည်းဖြစ်သည့် Hanbin ထံ အကူအညီတောင်းမိခဲ့သည်။ အားကိုးရသည့် ဂျူနီယာလေးဟာ သူ့ရည်းစား Zhang Hao ၏ သူငယ်ချင်းဆိုသော Choi Soobin ကို ရက်ပိုင်းလောက်အတွင်း ခေါ်လာခဲ့သည်မို့ Yeonjun ၏ အပူတို့မှာ လျော့ကျသွားခဲ့ရသည်။
"Yeonjunie Hyung"
"အင်း ပြောလေ Soobin"
"နေ့လယ်စာစားချိန်ရောက်နေလို့ လာပြောတာရယ်... ကျွန်တော် နေ့လယ်စာလည်း မှာထားပြီးပြီ လာစားတော့နော် Hyung"
"အော ခဏနော် ကိုယ်လာခဲ့မယ်"
အချိန်တိကျတတ်သော Soobin ဟာ သူ့ရဲ့ အလုပ်လုပ်နေချိန်ဆို အစားစားဖို့မေ့တတ်ကြောင်းကိုသိ၍ အမြဲသတိလာပေးတတ်သည်။ Studio က သင်တန်းသားတွေကို train ပေးရတာဟာလည်း မနက်ခင်းနှင့် ညနေခင်းတွင်သာဖြစ်၍ ကျန်အချိန်တွေဆို ကလေးတွေကို သီးသန့်လေ့လာချိန်ကိုလွတ်လွတ်လပ်ပေးထားခဲ့ပြီး Yeonjun ကတော့ ကကွက်အသစ်တွေထွင်တာမျိုးဖြစ်ဖြစ် အခြားသောဝါသနာဖြစ်သည့် သီချင်းရေးတာမျိုးဖြစ်ဖြစ်လုပ်ရင်း အချိန်ကုန်သွားတတ်သည်။ ထို့ကြောင့် အရင်က ခဏတိုင်းနေ့လယ်စာလွတ်တတ်သော Yeonjun သည် Soobin ရောက်လာပြီးတည်းက အစားစားချိန်တွေမှန်လာခဲ့ပါ၏။
"မင်းတာဝန်ယူထားတဲ့ အတန်းအခြေအနေ ဘယ်လိုလဲ Soobin... ကိုယ်ဟိုရက်တွေတည်းက မေးမယ်ဆိုပြီး မမေးဖြစ်နေတာ... ဆရာရော ကလေးတွေရော အသစ်ဆိုတော့ အဆင်မပြေတာရှိလည်း ပြောဦးနော်"
"ပြေတယ် Hyung... စစချင်း တစ်ပတ်လောက်တော့ နည်းနည်းစိမ်းသက်သက်ဖြစ်နေခဲ့ပေမဲ့ အခုက တစ်လပြည့်ခါနီးမို့ထင်တယ် တရင်းတနှီးနဲ့ ပျော်စရာကောင်းပါတယ်... ကလေးတွေကလည်း ကြိုးစားကြတယ်ရယ်"
YOU ARE READING
Colors of you & your boy
Storie breviShort letters collection Mostly Taekook & Yeonbin