ခြံဝင်းကျယ်ထဲ မောင်းနှင်ဝင်ရောက်လာသော ကားတစ်စီး..။
အသံကြားသည်နှင့် အပြေးလေးထွက်လာသော Yeonjun ဟာ ကိုကို့ကိုမျှော်မနေဘူးသာပြောလျှင် ဘယ်သူမှယုံမည်မဟုတ်..။
"မောနင်းကိုကို!"
"မောနင်းပါ ယောန်ငယ်"
ကားပေါ်သို့ သွက်လက်စွာတက်လာရင်း နှုတ်ဆက်သော သူ့ကလေးလေးဟာ အိပ်ရာထတာမကြာသေးပုံဖြင့် မျက်နှာလေးဟာဖောင်းနေဆဲ..။
"အခုမှနိုးတာလား... အိပ်ရေးရောဝရဲ့လား ကလေးလေး"
"ဟင့်အင်း... ကျွန်တော်ခဏလောက်အိပ်လိုက်ဦးမယ် ကိုကို"
မျက်လုံးလေးတွေကို ပွတ်သပ်လျက် သမ်းဝေလာသော ယောန်ငယ်ဟာ တကယ်ကိုအိပ်ရေးမဝခဲ့ပုံပင်..။ ကားမောင်းနေစဉ်တစ်လျှောက်လုံး အိပ်လျက်ပါလာသော ထိုကလေးမှာ မသိမသာဖြင့် နှုတ်ခမ်းလေးဆူထားသေးသည်မှာ အိပ်လျှင်ဖြစ်နေကျ အကျင့်ဖြစ်မည်။ ကားပါကင်တွင် ကားရပ်ပြီးသည်အထိ မနိုးလာသည်ကိုလည်း သူ့မှာမနှိုးရက်ဘဲ ကားမှန်လေးကို လက်ထောက်ရင်းသာ တစိမ့်စိမ့်ကြည့်နေမိသည်။
သူ့ရဲ့ ယောန်ငယ်လေးက သိပ်ကို ချစ်ဖို့ကောင်းတာရယ်..။ အပြုအမူလေးတွေကအစ စကားပြောတာလေးတွေအပြင် စိတ်ထားလေးကပါ ကလေးတစ်ယောက်လိုဖြူစင်ပြီး ချစ်စရာလေးဖြစ်နေတာ..။ သူ့အပေါ် အစ်ကိုတစ်ယောက်လို အရမ်းခင်တွယ်နေပုံရသော ယောန်ငယ်လေးကို သူဟာတော့ ထိုအဆင့်ထက်ပိုပြီး ချစ်သူရည်းစားလိုအချစ်မျိုးဖြင့် ချစ်နေမိတာကိုများသိလျှင် ဒီကလေးဘယ်လိုနေမည်မသိ..။
တော်သေးသည်က သူ့ရဲ့ပင်ကိုယ်ဗီဇလေးက ခံစားချက်တွေမဖော်ပြတတ်ဘဲ အေးတိအေးစက်ဖြစ်နေလို့သာ..။ သို့သော်လည်း တစ်ချိန်မှာတော့ သူ့ဘက်ကဖွင့်ပြောဖြစ်မှာပါ..။ ပြီးတော့ သူ့ရဲ့အခုလို အေးတိအေးစက်ပုံစံကြီးကိုလည်း ပြင်ရဦးမည်မလား..။ သူ့ကြောင့် ပေါက်စကလေးလေး အများကြီးအတွေးမှားဝင်ပြီး ဝမ်းနည်းနေတော့မည်လေ..။
"အင်းးး"
"နိုးပြီလား"
သံရှည်ဆွဲကာ နိုးသည်နှင့် မျက်လုံးလေးတွေကို ပွတ်နေသော ယောန်ငယ်လေး၏ လက်လှလှလေးတွေကို ဆွဲဖယ်လိုက်ရင်း မေးတော့ သူ့ကိုချစ်စရာကောင်းလှစွာ ပြုံးပြသည်။
YOU ARE READING
Colors of you & your boy
NouvellesShort letters collection Mostly Taekook & Yeonbin