Yeon's Paradise

235 13 11
                                    

"ကိုကို... ကျွန်တော့်ကိုဘာလို့ချစ်တာလဲ"

ပေါင်ပေါ်ခေါင်းတင်ကာလှဲနေရင်းမေးသော ယောန်ငယ်ဟာ တကယ်ကို ကလေးလေး..။ သူ့ထက် ၉ လသာငယ်သော်လည်း အပြုအမူလေးတွေဟာတော့ ကလေးဆန်လွန်းကာချစ်ဖို့ကောင်းသည်မှာ ငါးနှစ်သားလေးအလား..။

"ကိုကို့‌အသည်းလေးက ဘယ်လိုဖြေစေချင်လို့လဲ... ကိုကိုက မင်းဖြစ်နေလို့ကိုချစ်တာပါဆိုကွာ... Choi Yeonjun ရဲ့အသံလေးရော စိတ်ထားလေးရော နေပုံထိုင်ပုံအသေးအမွှားလေးကအစ ချစ်ရတာပါ ကလေးလေးရယ်"

Soobin စကားကို သဘောကျလွန်းစွာ ရှက်ပြုံးလေးဖြစ်ပေါ်လာပြီး တခစ်ခစ်ရယ်သော ယောန်ငယ်လေးကြောင့် ချစ်စနိုးဖြင့် နှုတ်ခမ်းဖူးဖူးလေးအားအနမ်းဖွဖွခြွေမိ၏။ ရှက်ဝဲဝဲလေးဖြစ်သွားသော ယောန်ငယ်၏ ပုံစံလေးဟာလည်း သူသဘောအကျရဆုံးသော အမူအကျင့်လေးတစ်ခု..။

"ကိုကိုကလေ ကျွန်တော့်ကို ဘာလို့အရင်ကမချစ်တာလဲ"

စတွေ့ခါစအချိန်က အကြောင်းတွေကို recall ပြန်ခေါ်ပြီး ယောန်ငယ်လေးကောက်တော့မည်။

သူဟာလည်း အဲ့ဒီအချိန်တွေတည်းကချစ်ပေမဲ့ အေးတိအေးစက်အပြုအမူတွေကြောင့် ယောန်ငယ်၏စိတ်ကိုဝမ်းနည်းစေခဲ့ဖူးသည်။ ထိုအချိန်ကိုပြန်တွေးမိတိုင်း သူ့ရဲ့အသည်းလေးကို အားနာစိတ်ဝင်ရ၏။

"Yeonjunie"

"ဗျာ ဖေဖေ"

အပြင်သွားမည့်ဟန်ပြင်နေသော ဖေဖေက သူ့ကိုမြင်တော့ လှမ်းခေါ်ကာ ဆိုဖာပေါ်ထိုင်စေသည်။

"ညနေကျရင် ဖေဖေနဲ့ ပါတီတစ်ခုလိုက်ခဲ့ပေးမလား"

"ဟင့်အင်း ပျင်းတယ်...ဖေဖေတို့က ပျင်းစရာသီချင်းတွေဖွင့်ပြီး စကားပဲပြောနေကြတာ... မကြိုက်ဘူး"

မျက်နှာလေးမဲ့ပြရင်း မကြိုက်ကြောင်းပြောသော သား၏အကြိုက်အားသိသူပီပီ အပြန်ကျမုန့်လိုက်ကျွေးမည်ဟု ကတိပေးတော့မှ လက်ခံသည်။

"သား ဒါက ဒီပွဲစီစဉ်သူ CEO Choi ရဲ့သား Choi Soobin တဲ့ သားနဲ့တစ်နှစ်လောက်ပဲကွာမယ်ထင်တယ်... သားပျင်းနေမယ်ဆို ဒီ Hyung နဲ့ခဏနေခဲ့နော်... Soobin လေး ဦးရဲ့သားကို ခဏအပ်ခဲ့မယ်နော်"

Colors of you & your boyWhere stories live. Discover now