Part - (5)

66 1 0
                                    

" အန်တီ... ရိပေါ်ရှိလား "

" အော်...သားဟောက်ရွှမ်းပါလား အေး မင်းသူငယ်ချင်းအပေါ်မှာ ရှိတယ် "

" ဟုတ် ဒါဆိုသားသူ့ဆီသွားလိုက်ဦးမယ် "

" အေးပါကွယ်  "

ဟောက်ရွှမ်းဝမ်မားကိုနှုတ်ဆက်ပြီးအပေါ်ထပ်တတ်လာလိုက်သည်ရိပေါ်အခန်းရှေ့ရောက်တော့ဟောက်ရျွမ်းတံခါးခေါက်လိုက်သည်...

" ရိပေါ် ရိပေါ်... "

" အော်မနေနဲ့ ဝင်လာခဲ့ကွ! "

အထဲမှပြန်ထူးသံကြောင့်ဟောက်ရွှမ်းအခန်းထဲဝင်သွားလိုက်သည်

" မင်း ဘာလုပ်နေတာလည်း "

" ငါဘာလုပ်နေတာမင်းမြင်လည်း "

ရိပေါ်၏ဘုကလန့်အဖြေကြောင့်ဟောက်ရွှမ်းပိတ်ခေါက်ချင်သွားသည် ကိုယ်ကကျောင်းပိတ်လို့ပျင်းနေတာနဲ့သူ့ဆီလာတာကိုဒင်းရဲ့ကြိုဆိုပုံကဖြတ်ကန်ချင်စရာ...

" ဒီလိုကွာ..."

ရုတ်တရပ်ကြီးအိပ်ရာမှထထိုင်လိုက်သောရိပေါ်ကြောင့်ဟောက်ရွှမ်းလန့်သွားရသည်...

" ဘာဖြစ်တာတုန်းဟ "

" ငါ...ကိုကို့ကိုဘယ်လိုဖွင့်ပြောရမလည်း "

" အဲ့တာတော့ငါသိမလားဟ "

" မင်းကလည်းအကြံညာဏ်လေးဘာလေးတောင်းလို့မရဘူး "

" ဟ...ငါမှရည်းစားမထားဖူးတာဘယ်သိမှာလည်း "

" တကယ်လို့ကိုကိုကငါ့ကိုငြင်းရင်ရော "

" စစ်မရောက်ခင်မြှားကုန်နေပြန်ပါပြီရိပေါ်ရာ "

" မင်းမသိပါဘူးကွာ ကိုကိုကငါ့ကိုအခုထိကလေးတစ်ယောက်လို့ပဲမြင်နေတုန်း နောက်ပြီးငါကအခုမှပထမနှစ်ပဲရှိသေးတာ "

ညိုးငယ်စွာပြောနေတဲ့ရိပေါ်ကိုဟောက်ရွှမ်းဂရုနာသက်စွာကြည့်လိုက်သည်...

" အဲ့လောက်ကြီးလည်းစိတ်ဓာက်ကျမနေပါနဲ့ကွာရှောင်ကျန့်ကောကမင်းကိုချစ်ပါတယ် "

" ကိုကိုကညီလေးတစ်ယောက်လိုချစ်တာ "

" ကဲကဲ...တော်ပြီစိတ်ညစ်စရာတွေမတွေးနဲ့ ငါတို့ဂိမ်းဆော့ကြမယ် ရှုံးတဲ့သူကခိုင်းတာလုပ်ကြေး "

 " ဤချစ်ခြင်းအားမျက်ကွယ်ပြု၍..." (Ongoing)Where stories live. Discover now