Part - (1)

72 5 0
                                    

မိုးဦးကျလေဦးကျလေပြင်းများတိုက်ခက်၍မိုးသည်းထန်စွာရွာသွန်းနေသောညတစ်ညကျယ်ဝန်းသောခြံကြီးတစ်ခြံထဲ၌ရှိနေသောကောင်လေးနှစ်ယောက်မှာမူအနေအထားကွဲပြားစွာတစ်ယောက်မှာမူအိမ်ဝဆင်ဝင်အောက်ရှိနေပြီးကျန်တစ်ယောက်မှာမူညင်သာမှု့မရှိသည့်မိုးရေစက်တို့၏ရိုက်ခက်မှုဒဏ်ကိုနာကျင်စွာခံစားနေရသည်...

ဝမ်ရိပေါ်၏မျက်ဝန်းတို့မှာမူသူ့အရှေ့ရှိမိုးရေထဲဒူးထောက်လျှက်ရှိနေသောလူသားထံသို့ကြင်နာမှုမရှိအေးစက်စက်သာစိုက်ကြည့်နေသည်။

ရှောင်ကျန့်သူ့အရှေ့မှာရပ်နေသောမောင့်ကိုမော့မကြည့်ရဲမိုးရေထဲဒူးထောက်လျှက်သာခေါင်းကိုငုံ့ထားမိသည်အခုထိဘာအကြောင်းကြောင့်ဆိုတာလည်းပြောမလာမောင်ဘာကိုစိတ်ဆိုးနေပါလိမ့် ပို၍သည်းထန်စွာရွာသွန်းလာသောမိုးရေစက်တို့ကြောင့်ရှောင်ကျန့်ကိုယ်ကိုကျုံ့လိုက်မိသည် နှုတ်ခမ်းများမှာတုန်ရီရိုက်ခက်နေကြပြီးခန္ဓာကိုယ်လေးမှာတစ်သိမ့်သိမ့်တုန်နေသည်...

" ရှောင်ကျန့်!! "

မောင့်ရဲ့ဒေါသတစ်ကြီးခေါ်သံကြောင့်ရှောင်ကျန့်လန့်ကာမော့ကြည့်မိသည်...

" ခင်များပြော!...ဒီနေ့ဘယ်သွားခဲ့တာလည်း "

" င-ငါ...ယွီပင်းရဲ့ဆိုင်ကိုသွား သွားခဲ့တာပါမောင် "

" ဘယ်သူနဲ့သွားတွေ့တာလည်း! "

မောင့်ရဲ့လေယူလေသိမ်းဟာအေးစက်၍ဒေါသရိပ်များဖုံးလွှမ်းလာတာကိုရှောင်ကျန့်ခံစားမိသည်သို့သော်လည်းအမှန်ပြောလို့မရ ​မဟုတ်ရင်အခြေအနေကပိုဆိုးမည်စိုးသောကြောင့်ပင်

" င-ငါ...ပျင်းလို့ ဒီတိုင်းသွားတာပါမောင် ဘ-ဘယ်သူနဲ့မှမတွေ့ပါဘူး "

" ဟက်... "

ခင်များကျုပ်ကိုလိမ်လို့ရမယ်ထင်နေတာလား ရှောင်ကျန့် ဝမ်ရိပေါ်စိတ်ထဲမှလှောင်ပြုံးပြုံးလိုက်သည်။

" ခင်များအမှန်တိုင်းပြော...အခုအိမ်ထဲဝင်ခွင့်ပေးမယ် "

" င-ငါ အမှန်တိုင်းပြောတာပါမောင် "

 " ဤချစ်ခြင်းအားမျက်ကွယ်ပြု၍..." (Ongoing)Where stories live. Discover now