" ကော...ကိုကို ဒီမှာ "
နေ့လယ်ထမင်းစားချိန်ဖြစ်သောကြောင့်ရိပေါ်တို့ကတ်တင်းရောက်နေခြင်းပြီးLeoတို့ကိုလှမ်းခေါ်လိုက်သည်နှင့်အနားသို့ရောက်လာသောLeoနှင့်ရှောင်ကျန့်တို့အုပ်စု
" အငယ်လေး ထမင်းမယူရသေးဘူးလား "
" ဟုတ်တယ် ကောကျွန်တော်တို့လည်းခုမှရောက်တာ "
ရိပေါ်တို့သူငယ်ချင်းနှစ်ယောက်နှင့်ရှောင်ကျန်တို့အုပ်စုဝိုင်းထိုင်လိုက်သည်...
" ဒါဆို ကောသွားယူလိုက်မယ် ကျန့်ကျန့်အတွက်ပါယူခဲ့မယ် "
" Leo ငါတို့အတွက်ရော "
ကျန်းချန်ပြောလေတော့ပြန်ရသည်က
" မင်းမှာခြေထောက်ပါတယ်မလား "
ကျန်းချန်မဲ့ရွဲ့ကာဖြစ်သွားသည့်ပုံကိုတစ်ဖွဲ့လုံသဘောတကျရယ်မောလိုက်ကြသည်...
" ငါပါ...လိုက်ခဲ့မယ်Leo "
ဟိုက်ခွမ်းပြောလိုက်တော့ကျန်သူများကပါ...
" ငါတို့လည်းလိုက်မယ် "
ဆိုကာစားပွဲဝိုင်းတွင်ရိပေါ်နှင့်ရှောင်ကျန့်သာကျန်ခဲ့ရသည်
" ရိပေါ် အတန်းမှာအဆင်ပြေလား "
" ပြေပါ့ကိုကိုရာ...ဘယ်သူမို့လို့လဲ "
" ဟုတ်ပါပြီကွာ "
ရှောင်ကျန့်ခပ်ဖွဖွပြုံးလိုက်သည်ကိုရိပေါ်မလွတ်တမ်းငေးကြည့်နေမိသည်ရိပေါ်သူ့အားငေးကြည့်နေသည်ကိုသတိထားမိတော့ရိပေါ်ဘက်လှည့်ကာ
" ဝေ့...ရိပေါ် ဘာကြည့်တာလည်း "
" လှလို့... "
" ဟမ်! "
ရှောင်ကျန့်မျက်လုံးပြူးကာရိပေါ်ကိုကြည့်မိသည်
" ဟုတ်တယ်...ကိုကိုပြုံးရင်အရမ်းလှတယ် အဲ့တာကြောင့်လူတိုင်းရှေ့မှာမပြုံးပါနဲ့ "
" အာ...အေး အေးပါကွာ "
ရုပ်တည်ကြီးနှင့်ဆိုလာသောရိပေါ်ကြောင့်သူစကားများထစ်ရသည်အထိ...
" စကားကောင်းနေကြတာပဲ "
ထမင်းသွားယူသူများထဲမှဟိုက်ခွမ်းကဆိုလာသည်Leoရိပေါ်နှင့်ရှောင်ကျန့်ရှေ့သို့ထမင်းပန်းကန်များချပေးလိုက်ပြီးရှောင်ကျန့်ဘေးတွင်ဝင်လိုက်ပြီးပျန်သုများလည်းနေရာအသီးသီးဝင်ထိုင်ကြသည်Leoသူ့ပန်းကန်ထဲရှိပုဇွန်များကိုအခွံခွာနေသည်ပြီးနောက်
YOU ARE READING
" ဤချစ်ခြင်းအားမျက်ကွယ်ပြု၍..." (Ongoing)
Fiksi Penggemar" ကံကြမ္မာကိုသာကြိုသိခဲ့မယ်ဆိုရင်ကျုပ်ခင်ဗျားကိုမချစ်မိအောင်နေခဲ့မှာ..."(wang) " မောင်...မင်းငါ့ခန္ဓာကိုပဲသတ်ပါနှလုံးသားကိုတော့မသတ်ပါနဲ့ "(xiao) #yizhan #wangxiao...