ကျွန်တော်နဲ့ဒီနေ့ကလေးလက်ထပ်ထားတာတစ်နှစ်ပြည့်ပြီ။အရင်နေ့တွေကသူခရီးသွားချင်တယ်လို့ပြောလာတယ်ကိုယ်ကလည်းအလုပ်မအားတာနဲ့ဆိုတော့မသွားဖြစ်လိုက်ဘူး။ဒါကိုဒီကလေးလေးကစိတ်ဆိုးသွားသေးတာအခုလည်းတစ်နှစ်ပြည့်လို့နှစ်ယောက်ထဲခရီးသွားချင်လို့ပါဆိုကလေးကသူ့သူငယ်ချင်းတွေပါမှသွားမယ်တဲ့ဘယ်လောက်ဆိုးတဲ့ကလေးလည်းဆိုတာကြည့်ပါအုံး။ခုလည်းကိုယ့်ကိုတစ်ယောက်ထဲပစ်ပြီးသူ့သူငယ်ချင်းတွေနဲ့ပဲ
"ကိုကို လာလေဒီကို"
"အင်"
"ဦးဂျွန်ရုပ်ကဘာဖြစ်နေတာလဲ"
"ဘာဖြစ်နေလို့လဲငါရုပ်က"
"ဘာလဲကျွန်တော်တို့ပါလာလို့လားဒီခရီးစဉ်ကို"
"ဟုတ်တယ်"
"ကိုကို"
"ပြောလေကလေး"
"ကျွန်တော်ကဒီကိုနှစ်ယောက်ထဲလာရင်ပျင်းမလားလို့ဂျီမင်းတို့ထယ်ထယ်တို့ကိုပါခေါ်လာတာကို ဒါကို ကိုကိုကငြိုငြင်တာလား ဟွန့်"
"မဟုတ်ရပါဘူးကိုကိုကစတာပါ စိတ်မဆိုးပါနဲ့"
"သူယောင်္ကျားတခွန်းဆိုတခွန်းပဲကြောက်လိုက်တာလွန်ရော"
"ဘာပြောတာလဲငါ့ကိုဂျီမင်း"
"ဘာမှမပြောပါဘူး"
"ပြီးတာပဲ"
အမှန်တော့ဒီနေ့ကကိုကိုမွေးနေ့နဲ့ကျွန်တော်တို့လက်ထပ်ထားတာတစ်နှစ်ပြည့်တဲ့နေ့နဲ့တူနေတယ်။ကိုကိုကသူ့မွေးနေ့ကိုမေ့နေတယ်ထင်တယ်။အဲ့ကိုကိုကလေအလုပ်များနေရင်သူ့မွေးနေ့တောင်သူမေ့တဲ့လူ။အခုလည်းဂျီမင်းတို့ထယ်ထယ်တို့ကိုဒီကိုခေါ်လာရတာကအလုပ်အရမ်းများတဲ့ကိုကို့ကိုsupriseတိုက်ချင်လို့။အခုကကျွန်တော်တို့ရောက်နေတာကParis မှာလေ။
ညရောက်သော်
"ကိုကို"
"ဗျာ"
"ကျွန်တော်တို့Paris Towerနားသွားရအောင်လေအဲ့မှာဒီနေ့ပွဲတော်ရှိတယ်လို့ကြားတယ်အရမ်းလည်းလှတယ်လို့လည်းပြောတယ် သွားကြရအောင်လေ"
YOU ARE READING
ချစ်သောအိမ်ရှေ့စံ
Romancehoseok pov : ဒါအိပ်မက်လား ငါဒီကိုဘယ်လိုရောက်နေတာလဲ😳 Started Date.....11.4.2023 Ending Date......21.7.2023