အပိုင်း 19

207 40 4
                                    

"သားဟိုဆော့ဒီနေ့သားappaသူငယ်ချင်းအိမ်ကိုလာမယ်"

"လာပါစေပေါ့ommaရယ်ဘာဖြစ်လို့လဲသားနဲ့လည်းဘာဆိုင်လို့လဲ"

"သူကအိမ်မှာထမင်းလာစားပြီးအလုပ်ကိစ္စပြောမလို့"

"အင်းလေအဲ့ဒါသားနဲ့ဆိုင်လို့လားလို့ နောက်ပြီးသားအပြင်သွားစရာရှိတယ်"

"နင်နည်းနည်းပါးပါးလေးဝိုင်းလုပ်ပါလားommaကိုဘာမှခိုင်းမရဘူး အပြင်လည်းမသွားရဘူး"

"Ommaကလည်းဗျာချိန်းပြီးသားဖြစ်နေလို့ပါသွားမှရမယ်"

"မရဘူးပြန်တက်အိမ်ပေါ်ဧည့်သည်လာမယ်သန့်သန့်ပြန်ပြန်နေစမ်း"

"Omma"

"အထွန့်မတက်နဲ့ဟိုဆော့သွား"

"ဟွန့်"

အကျင့်ကိုတစက်မှမကောင်းတာommaကနေပြန်ကောင်းခါစတုန်းကဆိုရင်သားလေးနေကောင်းရင်ကြိုက်တာလုပ်ommaတို့ဘာမှမပြောတော့ဘူးသားလွတ်လွတ်လပ်လပ်နေတဲ့ အခုများကျတော့အပြောနဲ့အလုပ်နဲ့တခြားစီ။လူကြီးတွေများတယ်လည်းတက်နိုင်ပါ့။ထယ်ထယ်တို့နဲ့လျှောက်လည်မလို့ကိုပေးမသွားဘူးဖုန်းဆက်ပြီးငါမလာနိုင်တော့ဘူးပြောရမယ်မဟုတ်ရင်သူတို့စောင့်နေကြအုံးမယ်

"ဟယ်လိုထယ်ယောင်း"

"ငါမလာဖြစ်တော့ဘူးအိမ်ကိုဧည့်သည်လာမှမလို့တဲ့ommaကအပြင်ပေးမထွက်ဘူး"

"အေနောက်ခါမှငါလိုက်တော့မယ်"

အပြင်သွားမလို့ဝတ်ထားတဲ့အင်္ကျီကိုလဲလိုက်ပြီးပေါ့ပေါ့ပါးပါးဖြစ်မယ့်အဝတ်အစားပဲပြန်ဝတ်လိုက်တယ်။ခနကြာတော့အရှေ့ကားသံကြားတာကြောင့်ဧည့်သည်လာပြီးထင်တယ်။လာပါ‌စေပေါ့သူ့ကြောင့်ငါအပြင်မသွားရတောင်မကျေနပ်ဘူး

"ရောက်လာပြီလား"

"အင်ရော့အသီးတွေပါဝယ်ခဲ့တယ်အချိုပွဲအတွက်"

"ရပါတယ်ကွာငါတို့အိမ်မှာလည်းရှိပါတယ်ဟ"

"ငါ့ကသူများအိမ်မှာထမင်းလာစားတာလေဒါကြောင့်အလိုက်သိတာပါ"

"ဘာသူများလည်းမင်းကတော့မင်းနဲ့ငါနဲ့ကသူငယ်ချင်းအရင်းကြီးပါကွာ"

ချစ်သောအိမ်ရှေ့စံOnde histórias criam vida. Descubra agora