အပိုင်း 23

194 44 7
                                    

"ဂျွန်ဂျောင်ကု"

"ဘာလဲ"

"မင်းကိုငါ့သားနဲ့တစ်ပတ်တခါမှတွေ့ရမယ်လို့ငါပြောထားတယ်လေ"

"ဟုတ်တယ်လေတစ်ပတ်တခါမှတွေ့တာကို"

"ဘာတစ်ပတ်တခါလဲ မင်းကိုငါကြည့်နေတာနေ့တိုင်းလိုလိုမင်းငါ့သားဆီလာတာပဲတွေ့တယ်"

"ငါကမင်းသားကိုအမြဲတွေ့ချင်နေတာကိုမင်းကဘာဖြစ်လို့စည်းကမ်းတင်းကြပ်လဲ"

တပတ်တခါတော့မတွေ့နိုင်ပါဘူးကိုယ့်ကလေးကိုတစ်ရက်မတွေ့ရတာတောင်လွမ်းနေတာတစ်ပတ်ဆိုတော့ပိုဆိုးဒါကြောင့်လာတွေ့တာကိုသူငယ်ချင်းယောက္ခမကပြောနေတယ်။ကြည့်နေမင်းသားကိုငါ‌ခိုးပြေးပြမယ်။သူကျငယ်ရာကကြီးလာပြီးတော့လာတွန့်တိုနေတယ်။ခနနေတော့အနောက်ကနေသူလွမ်းနေတဲ့အသံလေးကြားလိုက်ရတော့စိတ်တွေလန်းဆန်းလာတယ်

"ကိုကို ဘယ်လိုရောက်လာတာလဲ"

"အကောင်ပေါက်လေးကိုတွေ့ချင်လို့ပေါ့"

"ဟုတ်လားဟီး"

"အပြင်သွားရအောင်"

"ဟေ့မသွားရဘူးစကားပြောချင်ရင်ခြံထဲမှာပြော"

"မပြောချင်ပါဘူးမုန့်လျှောက်စားမလို့"

"ငါမယုံဘူးမင်းကိုငါ့သားကိုတစ်ခုခုလုပ်လိုက်ရင်ဘယ်လိုလုပ်မလဲ"

"စိတ်ချပါငါကလေးကိုဘာမှမလုပ်ပါဘူး သွားအကောင်ပေါက်လေးရေသွားချိုးပြီးဆင်းခဲ့ကိုကိုစောင့်နေမယ်"

"ဟုတ်ကဲ့"

"ယောက္ခမကြီးစိတ်မပူပါနဲ့ငါဘာမှမလုပ်ပါဘူးမင်းသားကို"

ခိုးပဲပြေးမှာမခွဲနိုင်တော့ဘူးအကောင်ပေါက်လေးဘွဲ့ရတာကိုလည်းမစောင့်နိုင်တော့ဘူး။ငါ့ကိုခွင့်လွှတ်ပါသူငယ်ချင်းကြီးရယ်

"ဘာယောက္ခမလဲ"

"နောက်တော်ရမှာပဲဟာ"

"တော်တော် ဒါဆိုလည်းခေါ်သွားစောစောသွားပြီး စောစောပြန်လာပို့"

"ဟုတ်ပါပြီ"

ခနတော့အကောင်ပေါက်လေးရေချိုးပြီးဆင်းလာတယ်။ဝတ်ထားတဲ့ပုံစံလေးကကလေးလေးအတိုင်းပဲချစ်ဖို့ကောင်းနေရော။ကလေးကဘာဝတ်ဝတ်ကိုချစ်ဖို့ကောင်းနေတာ

ချစ်သောအိမ်ရှေ့စံOnde histórias criam vida. Descubra agora