ဒီနေ့ဘဲ့ဂျဲ့ကိုခရီးစထွက်ဖို့ပြင်နေကြတယ်။
"ဟိုဆော့"
"ဟုတ်"
"အထိန်းတော်ဂန်နဲ့နောက်ကယာဉ်နဲ့လိုက်ခဲ့နော်"
"ကိုကိုကကော"
"ကိုယ်ကမြင်းစီးပြီးသွားမှာလေ"
"ကျွန်တော်လည်းကိုကိုနဲ့စီးမယ်"
"နေပူတယ်လေ"
"ပူပါစေကိုကိုနဲ့လိုက်မှာ"
"ဟုတ်ပါပီကွာ"
"အိမ်ရှေ့စံအကုန်အဆင်သင့်ဖြစ်နေပါပြီထွက်ကြတော့မလားဗျ"
"အင် ဒါဆိုထွက်ကြတာပေါ့"
"မှန်လှပါ"
ဒီလိုနဲ့အားလုံးနန်းတော်ထဲကထွက်ခွာလာကြတယ်။ဘဲ့ဂျဲ့မှာလည်းတော်တော်အနှိပ်ဆက်ခံထိနေလို့ပြောနေကြတယ်။နေ့လည်ရောက်ခါနီးပီးဆိုတော့နေကလည်းတအားပြင်းတာကိုယ့်ရဲ့အကောင်ပေါက်လေးကလည်းအနောက်မှာအမိုးပါတဲ့ယာဉ်နဲ့လိုက်စီးဆိုမြင်းပဲစီးမယ်တဲ့ဘယ်လောက်ပြောရခက်တဲ့ကောင်လေးလည်းကြည့်နေပူနေတော့သူလေးပင်ပန်းနေမှာဆိုးလို့မေးလိုက်တယ်
"ပင်ပန်းနေပြီလား"
"နည်းနည်း"
"ဟိုနောက်ကယာဉ်မှာထိုင်ပါဆိုပြောစကားနားမထောင်ဘူးကိုကိုနဲ့မြင်းလိုက်စီးတော့အကောင်ပေါက်လေးပင်ပန်းတာပေါ့ အခုလည်းကြည့်လေနေပူနေတာအကောင်ပေါက်လေးပူနေရောပေါ့"
"ရပါတယ်ကျွန်တော်မြင်းမစီးဖူးလို့စီးကြည့်တာဟီး"
"ဟုတ်ပါပီ နေပူနေရင်ကိုကို့ဝတ်ရုံနဲ့ကွယ်ထား"
"ဟုတ်ကဲ့"
ဒီလိုနဲ့သိပ်မကြာလိုက်ဘဲ့ဂျဲ့ကိုရောက်လာကြတယ်။ရွာကိုရောက်တော့ကိုယ်တွေနေမယ့်နေရာဆီသွားလိုက်ကြတယ်။ကိုယ်ရဲ့လူတွေဒီမှာရှိနေတော့ကိုယ်တွေနေဖို့နေရာကိုသူတို့ကပြင်ဆင်ပေးထားကြတယ်
"အိမ်ရှေ့စံတို့ရောက်လာကြပြီလား"
"အင်"
"ဒီမှာဘေးကင်းတယ်အိမ်ရှေ့စံလုံလည်းလုံခြုံတယ်အဲ့ကောင်တွေတော်ရုံဝင်လို့မရဘူး"
ESTÁS LEYENDO
ချစ်သောအိမ်ရှေ့စံ
Romancehoseok pov : ဒါအိပ်မက်လား ငါဒီကိုဘယ်လိုရောက်နေတာလဲ😳 Started Date.....11.4.2023 Ending Date......21.7.2023