~ လက်ရှိကာလ ~
နာရီလက်တံက 1နာရီကျော်ကိုညွှန်ပြနေပေမဲ့ ချွမ်ရွေ့ခုထိ မအိပ်နိုင်သေး။ ၕည့်ခန်းထဲခေါက်တုံ့ခေါက်ပြန်လျှောက်ရင်း ပြန်မလာသေးတဲ့သားဖြစ်သူကိုမျှော်နေမိသည်။ ခနအကြာ ကားစက်ရပ်သံနဲ့အတူ အိမ်ထဲဝင်လာတဲ့ ချန်ချန်။ အကျ်ီတွေကဖရိုဖရဲ မူးရူးလာသည့်ပုံစံပင်။
"ဒါဘယ်လိုဖြစ်လာတာလဲ ... ဒီအချိန်အိမ်ပြန်ချိန်လား ချန်ချန်...ဘယ်အချိန်ရှိနေပြီလဲ..."
ချွမ်းရွေ့ပြောသော်လည်း သူ့ကိုမျက်လုံးတစ်ချက်ရွေကြည့်ကာ ဘာမှမပြောပဲ အိမ်ပေါ်တက်တော့မည့်သားဖြစ်သူကြောင့်....
"ချန်ချန်! ဒယ်ဒီပြောနေတာကြားလား!!!! "
"မခေါ်နဲ့.... ချန်ချန်လို့ မခေါ်နဲ့ ကျွန်တော့်နာမည် ဟန်ယူဂျင်း...ဟန်ထယ်ရယ်ရဲ့သား ဟန်ယူဂျင်းပဲ...ဒယ်ဒီ တာဝန်အရယူထားရတဲ့ ဟန် ထယ် ရယ် ရဲ့သား ဟန်ယူဂျင်းလို့...."
"ချန်ချန်.!!!.. မင်း ဘာတွေပြောနေတာလဲ ..."
"ထယ်ရယ် ဆိုတာဘယ်သူလဲ ဒယ်ဒီ!!...."
"မင်းမာမီလေ ချန်ချန်ရဲ့ ..."
"ကျွန်တော့်အမေ ဟန်ထယ်ရယ် မဟုတ်ဘဲ ကင်မ်ထယ်ရယ်ဆိုတဲ့တစ်ေယာက်ကိုပြောတာ "
ယူဂျင်းရဲ့ အမေးစကားအဆုံးမှာ ချွမ်ရွေ့တစ်ယောက်ငြိမ်သွားသည်။ ယူဂျင်းရယ်လိုက်ရင်း ...
"ဒယ်ဒီ မဖြေနိုင်ဘူးမလား ... ဒယ်ဒီရဲ့မေ့မရနိုင်တဲ့ တစ်ဦးတည်းသောလူမလား... ဒယ်ဒီအမြဲတမ်းတမ်းတနေရတဲ့လူမလား ..မာမီကြောင့်ဒယ်ဒီတို့ကွဲရတာဆိုပြီး ..ဒယ်ဒီ မာမီ့ကိုမုန်းနေခဲ့တာမလား . အဲဒါကြောင့်နဲ့ ကျွန်တော်နဲ့ မာမီကို ဒယ်ဒီ ပစ်ထားတာ ..အထူးသဖြင့်မာမီ့ကို..ဒယ်ဒီရဲ့ဥပေက္ခာတွေကြောင့်လို့ .... မာမီ ..မာမီက ဒယ်ဒီ့ကြောင့်ဆုံးရတာ ..ကျွန်တော်အကုန်သိပြီးပြီ. .... ကျွန်တော်လည်း မုန်းတယ်... ဒယ်ဒီ့ကိုရောအဲဒီ့လူကိုရောမုန်းတယ်လို့..."
ယူဂျင်းငိုယိုအော်ဟစ်ပြောကာ အိမ်ပေါ်တက်သွားသည်။ ချွမ်ရွေ့ဆိုဖာပေါ်ခြေပစ်လက်ပစ်ထိုင်ချလိုက်ရင်းဆံပင်တွေကို စိတ်ရှုပ်စွာဆွဲဖွမိသည်။ ဒယ်ဒီ မင်းမာမီကိုမမုန်းခဲ့ပါဘူး ချန်ချန်ရယ်။ သားကိုလည်းအချစ်မလျော့ခဲ့ပါဘူး...။ ဒယ်ဒီ သူ့ကိုကတိပေးခဲ့အတိုင်း ဒယ်ဒီတို့ မသေခင်လေးနောက်ဆုံးတစ်ခါလောက် ပြန်တွေ့ချင်ခဲ့ရုံပါပဲ....။
YOU ARE READING
Till I Met You [ COMPLETED ]
Fanfiction831 _ I Love You 8 letters 3 words 1 meaning