Till I Met You - 4

318 53 9
                                    

     (နောက်ကြောင်းပြန်တုန်းပဲရှိပါသေးတယ်နော် )

      " Appa!   တီလေး  ... ဒါက ရစ်ခီရှန်...ကျွန်တော့်ချစ်သူပါ..."

ထယ်ရယ် ပြောလိုက်တော့ appa မျက်နှာကြီး မဲမှောင်သွားသည်။ မီယားနဲ appa ....

     "မဂ်လာပါ Appa ...ကျွန်တော် ရစ်ခီရှန်ပါ... ထယ်ရယ့်ကို ကျွန်တော်မြတ်မြတ်နိုးနိုးချစ်သွားမှာပါ စောင့်ရှောက်သွားမှာပါ"

ရစ်ခီ့စကားအဆုံးမှာ  ထယ်ရယ့်ပုခုံးကိုဆွဲယူကာ ရင်ခွင်ထဲထည့်လိုက်တာမို့  ထယ်ရယ်မချိပြုံးပြုံးပြလိုက်ရပါတော့သည်။

      "မက်သရူး ငါတကယ်ကြီး အဲလူရမ်းကားရဲ့ရည်းစားလုပ်ရတော့မှာလား.."

TVရှေ့မက်သရူးကိုမှီထိုင်ရင်း ထယ်ရယ်စကားစမိတော့...

   "မင်းပဲလက်ခံပြီးပြီလေ ကင်မ်ထယ်ရယ်... အခုမှ ဘွာတေးလုပ်လို့မရတော့ဘူး..တစ်ခုတော့ရှိတယ်ထယ်ရယ် ....ဟန်ဆောင်ရင်းတကယ်ချစ်မိမသွားစေနဲ့....."

  မက်သရူး စကားအဆုံး အခန်းအတွင်းလေထုကခနတော့ငြိမ်သက်သွားသည်။ မက်သရူးကစကားဆက်သည်။

      "ငါဘာလို့ပြောလဲ မင်းသိပါတယ်ထယ်ရယ် မင်းနှလုံးသားလေးနာကျင်လို့မရဘူးဆိုတာ မင်းကိုယ်တိုင်အသိဆုံးပဲမလား...ရစ်ခီရှန်က သူ့ကောင်မလေး သူ့ဆီပြန်လာရင် မင်းက  ဒီအတိုင်းကူညီဖူးတဲ့သူအနေနဲ့ပဲရှိသွားမှာပဲ အဲဒါကြောင့်နှလုံးသားတစ်ခုလုံးမပေးမိလိုက်စေနဲ့...."

မက်သရူးကပြောစရာရှိတာပြောပြီးTVအာရုံရောက်သွားပေမဲ့ ထယ်ရယ်ကတော့အတွေးတွေထဲပိတ်မိနေခဲ့ပါတော့သည်။

~~~~~~~

        "ဟေးးးး ကောင်မလေးတို့လမ်းဖယ်ပေးမယ် .... လမ်းဖယ်ပေးမယ်....."

        "ဝါးးး  ရစ်ခီရှန့်ရည်းစားဖြစ်ရတာ ကောင်းလိုက်တာ သက်တော်စောင့်တွေဘာတွေနဲ့....။"

     "တိတ်လိုက်တော့ ဆော့မက်သရူး... ဒီမှာစိတ်ရှုပ်လို့သေတော့မယ် ..."

ရစ်ခီရှန့်ကို လက်ခံပြီးပါပြီဆိုကတည်းက သူ့သူငယ်ချင်းတွေမှာ ဘေးကနေ စကိတ်တွေတလွှားလွှားနဲ့  သက်တော်စောင့်တွေလိုကြောင်တောင်တောင် လာလုပ်နေသည်မှာ ကြာနေပြီဖြစ်သည်။ အကုန်လုံးကဝိုင်းကြည့်နေကြတော့ ကြာတော့ ထယ်ရယ်ရှက်တောင်ရှက်ချင်လာသည်။ အခုလည်း ရစ်ခီရှန်နဲ့မတွေ့ရသေး သူတို့ကဘေးကတကားကားနဲ့...

Till I Met You [ COMPLETED ]Where stories live. Discover now