"မင်းဒယ်ဒီက ကန်တင်မ်း လူပုံအလယ်မှာဘာလို့နမ်းခဲ့တာလဲ သိလား?.... "
"Flash back "
"လွှတ်စမ်း... လူရမ်းကား ကောင်ရဲ့ "
ထိကပ်ထားတဲ့နှုတ်ခမ်းတွေဖယ်ခွာသွားပေမဲ့ ထယ်ရယ်က အခုထိရစ်ခီရှန်ရင်ခွင်နဲ့တိုင်ကြားမှာ ပိတ်မိနေသလိုဖြစ်နေပြီး ထယ်ရယ့်လက်တွေပါချုပ်ထားတဲ့ ရစ်ခီရှန်ကြောင့် ထယ်ရယ်မှာ ရစ်ခီ့ရင်ခွင်ထဲတကယ်ဖရိုဖရဲ။ နောက်ပြီးရစ်ခီရှန့်မျက်နှာက ထယ်ရယ့်မျက်နှာနားကပ်နေသည်မှာ ကြားထဲ စင်တီမီတာပိစိလောက်ပဲကွာတော့သည်။ တခြားသူတွေအဝေးကကြည့်ရင်နမ်းနေတဲ့အတိုင်းပင်။ ရစ်ခီကအဲအနေအထားတိုင်းနဲ့ပင်....
"ကြည့်နေလား....ငါတို့ကို..."
"ဘယ်သူလဲ...."
"ထယ်ရယ် ..."
"ဟမ် ငါလား "
ထယ်ရယ် အူကြောင်ကြောင်လေးပြန်မေးတော့...ရစ်ခီက...
"လှတဲ့ ငါ့ကောင်မလေး ထယ်ရယ်ကိုမေးတာ... ဘဲရုပ်ဆိုးမင်းကိုမေးတာမဟုတ်ဘူး.."
ရစ်ခီအပြောကြောင့် သူမမြင်မှန်းတော့သိပေမဲ့ မျက်စောင်းတစ်ချက်ထိုးရင်း...
"ဘယ်ဟာက ထယ်ရယ်မှန်းငါမှမသိတာ ငါတို့ကိုကြည့်နေတာ အများကြီးဟာကို.... အော သိပြီ ..."
ဟိုဘက်က ထယ်ရယ် ရားလို့လှမ်းခေါ်ပြီး ကောင်မလေးတစ်ယောက်ဆီသွားတာမြင်မှ ဘယ်ဟာထယ်ရယ်မှန်းသူသိတော့သည်။ ရစ်ခီရှန်အသည်းအသန်ဖြစ်လည်းဖြစ််လောက်စရာ တကယ်ကိုလှပါသည်။ ငါ့နှယ်အဲလောက်လှတဲ့ကောင်မလေးနဲ့ ငါ့နာမည်လာတူနေရလား တကယ်ပါပဲ...။
"ကြည့်နေသေးလား..."
ရစ်ခီကထပ်မေးသည်။
"မကြည့်ဘူးအရေးတောင်စိုက်မသွားဘူး ... လွှတ်တော့ ..."
ထိုအခါမှ လူချင်းခွာသွားသည့်သူတို့နှစ်ယောက်။ ရစ်ခီက ...
"အခုချိန်ကစပြီး ငါတို့နှစ်ယောက်တွဲနေတာ တစ်ရက်နော်"
"ဘာာာာ !!!!!!??! ""ဟုတ်တယ်လေ လူပုံအလယ်မှာ နမ်းတောင်ပြီးသွားပြီလေ...ငါ့ကောင်မလေးသဝန်တိုဖို့ မင်းငါနဲ့တွဲပေးရမယ်...အဲဒါဆို သူ သဝန်တိုပြီးငါ့ကိုပြန်လက်ခံလာလိမ့်မယ်...."
YOU ARE READING
Till I Met You [ COMPLETED ]
Fanfiction831 _ I Love You 8 letters 3 words 1 meaning