ကျွန်တော့်နောက်ကလိုက်ခဲ့ပြောပြီး ယူဂျင်းအခုရောက်နေတာက ထို့လူ့ကားပေါ်မှာ။ ကားဒရိုင်ဘာက ရှေ့ကထိုင်ပြီး သူနဲ့ထိုလူက နောက်ခန်းမှာ...။
" ကိုယ့်နာမည် မမိတ်ဆက်ရသေးဘူးပဲ ကင်မ်ဂယူဘင်းပါ... မင်းကရော..."
ဂယူကမိတ်ဆက်လိုက်ပေမဲ့ မသိချင်ယောင်ဆောင်ကာ ဟိုဘက်လှည့်သွားတာကြောင့်...
"အာ အိုကေလေ.... ယုန်ပေါက်လေးလို့ပဲ ခေါ်ကြတာပေါ့...."
"ဟန်ယူဂျင်း ......"
ထိုအခါမှနာမည်ကဆောင့်ကြီးအောင့်ကြီးပြောလေသည်။ ထို့နောက် ဂယူ့ဘက်လှည့်ရင်း...
"ဒါနဲ့ ခင်ဗျားက ဒီနိုင်ငံကလား ..."
"အွန်း....အဲလိုပဲပြောပါတော့ ... ပါပါးက ဒီနိုင်ငံသား ဒယ်ဒီက Korea က ... ဦးငယ်ကဒယ်ဒီ့ညီလေ... အရင်က ကိုရီးယားမှာနေပေမဲ့ ဦးငယ်ကျန်းမာရေးအခြေအနေကြောင့် သူ့ဆန္ဒအတိုင်း ဒီပြန်ပြောင်းလာတာမကြာသေးဘူး....ဒါနဲ့ ဦးငယ်တို့အကြောင်းသိချင်လား?..."
ယူဂျင်း မသိချင်ဘူးပြောလည်း အတင်းပြောပြနေမှာသိတာမလို့ ဘာမှပြန်မပြောဘဲငြိမ်သာနေလိုက်သည်။ ဂယူကတော့ ဆိတ်ဆိတ်နေရင် လက်ခံတာဟုယူဆကာ ဦးငယ်ဒိုင်ယာရီထဲကသူဖတ်ထားသမျှ ပြန်ဖောက်သည်ချဖို့ပြင်တော့သည်။
~~~~~~~~~~~
~~~~ flash back ~~~~
တိတ်ဆိတ်နေတဲ့စာသင်ခန်းက အသက်ရှူသံတွေပဲ ကြီးစိုးနေသည်။ အကြောင်းမှာ ရှေ့ကဆရာမက ကိုယ့်အသက်ရှူသံတွေကို ပြန်နားထောင်ခိုင်းနေခြင်းကြောင့်ဖြစ်သည် ...။
"တီတီ တီတီ ........ တီတီ တီတီ ...."
ထိုအချိန်ထမြည်လာတာက ထယ်ရယ့်ရဲ့ Beeper အသံ။ တစ်တန်းလုံးနဲ့ဆရာမအကြည့်က ထယ်ရယ့်ဆီရောက်လာတာမို့ ရယ်ပြရင်း အမြန်ပိတ်လိုက်သည်။
"ကင်မ်ထယ်ရယ်.... မင်း Beeper offထား "
ဆရာမအပြောကိုခေါင်းငြိမ့်ပြလိုက်သည်။ ဆရာမကစာဆက်သင်နေတုန်း ထပ်မြည်လာသည့်အသံ နဲ့အတူ ဆရာမအသံပါဟိန်းထွက်လာသည်။
YOU ARE READING
Till I Met You [ COMPLETED ]
Fanfiction831 _ I Love You 8 letters 3 words 1 meaning