နေမင်း၏တောက်ပချိန်ကုန်ဆုံးလို
စန္ဒာလမင်း၏ အလင်းရောင် ဖြေးဖြေးခြင်း
လင်းဝင်းလိုလာချေပြီ။တိတ်ဆိတ်နေသော နန်းရင်ပြင်၌
အရှင်ကင်မ်၏ ရဲမက်တွေသာ ကင်းလှည့်လိုနေခဲ့သည်။ဤတိုင်းပြည်၏ ရှင်ဘုရင်နှင့် တော်ဝင်မျိုးနွယ်ကိုမေးလျှင် တချို့ဟာ
မြို့ပြင်၌စုပြုံ၍ မြုတ်နှံခြင်းကိုခံလိုက်ရသလို တချို့ဟာ အကျဉ်းသားဘဝနှင့်ရှိနေလေပြီ။တိုင်းသူပြည်သားတွေကိုမေးလျှင် ကျွန်အဖြစ်သို့မဟုတ် တချိန်ကသရဖူရှင်နဲ့အတူရှိနေလောက်နှင့်ပြီ။
ဗေဒါရောင်လေးကိုမေးရင်တော့....
အရှင်ကင်မ်၏ ယနေ့အတွက် အိပ်ဆောင်၌ပင်။
ထိုအိပ်ဆောင်သည် တခြားမဟုတ်
အိမ်ရှေ့စံ၏
မဂ်လာအခန်းဖြစ်လာမည်အခန်းအား
အရှင်ကင်မါမှ ရွေးချယ်လိုက်ခြင်းပင်။မဂ်လာအခန်းဖြစ်သည့်အားလျော်စွာ
ပန်းပံ့များ ဆီမီးများ အမွှေးအကြိုင်များနှင့်
လှပထုံသင်း
စွာပြင်ဆင်ထားသည့် အခန်းပတ်လည်~~ပန်းခင်းအလားထင်ရအောင် ပွင့်ဖတ်တွေခြွေဖြန့်ထားတဲ့
ကုတင်ထက်၌ ဗေဒါရောင်လေးဟာ လဲလျောင်းလိုက်ရှိသည်။ဤသည်သာ သူ၏သဘောဆန္ဒတို့ကြောင့်
အလျင်းမဟုတ်ဘဲ ၊ အစေခံများပေးထားသည့်
မေ့ဆေးအရှိန်ကြောင့်ပင်။အရှင်ကင်မ်၏ အိပ်ဆောင်၌ ဆက်သရမည်
သူမို့
သွေးစတွေစွန်းထင်ကာ ပြဲနေပြီဖြစ်သည့်
အကျီကို ချွတ်ဖယ်ရန်ကြိုးစားလေတော့
အရှက်ကြီးသူဟာ အားကုန်ရုန်းလာလေတော့သည်။နှုတ်ခမ်းတွေသာ ဟနေပေမယ့် စကားတလုံးမှ
မထွက်လာခဲ့သည်အတွက် အရှင်ကင်မ်ရှေ့ရောက်ရင် ထိုသို့ မလုပ်ဖို့ ၊ အရှင်ကင်မ်ဒေါသထွက်လျှင် အသက်ပျောက်မည်ဟု
သတိပေးကြပေမယ့် ထိုသည်ကိုလည်း ဘာမှမတုန့်ပြန်။ရုန်းကန်မူသာပြုနေသည်မို့
မတက်နိုင်သည်အဆုံး မေ့ဆေးကိုအသုံးပြုရတော့သည်။ဒီတော့မှ
ချွေးတရွဲရွဲဖြစ်နေသည့် ခန္ဓာကိုယ်ငယ်လေးကို
သန့်စင်ပေးကာ အကောင်းဆုံးဖြစ်မည့် ဝတ်စုံကို လဲလည်ဝတ်ဆင်ပေးရင်း အမွှေးနံ့သာတို့ကို
လည်း မမေ့မလျော့ သုတ်လိမ်းပေးကြရသည်။

YOU ARE READING
THE KING 👑
Fanfiction'' ဒီကောင်လေးရဲ့ ဇာတာကိုက တိုင်းပြည်ဖျက်မယ့် ဇာတာပါတာမို့~~~အရှင်မင်းမြတ်ရဲ့ဘေးနားမှာမထားသင့် ~~~~အားးး" ပရောဟိတ် ဆရာကြီး၏ စကားတောင်မဆုံးသေး အရှင်ကင်မ်၏ ဓားဒဏ်ကြောင့် ဦးခေါင်းနှင့် ခန္ဓာ သီးခြားဖြစ်သွားခဲ့ရတော့သည်။