6

574 122 4
                                    

လပိုင်းလောက်ထိ ထိုကောင်လေးကို
သူတွေ့ခွင့်မရသလို
အခြား မည်သူမျှလည်း ထိုကောင်လေးရှိနေရာ
အဆောင်အတွင်းသို့ ဝင်ခွင့်မရကြပါ။
အခုတလော ဆောင်တော်မကူးတဲ့ အရှင်က ထိုကောင်လေးထံ၌သာ စိတ်ရောက်နေပုံရသည်။

ဒီအတွက် သူသိလိုသည့် လက်ပတ်လေးရဲ့
ပိုင်ရှင်အကြောင်းကို အခုထိ စုံစမ်းလိုမရသေးချေ။

=°=°=

"မမမီဆို!!"

မီဆိုဆိုတာ သူထက် ၉နှစ်လောက်ကြီးတယ်ဆိုပေမယ့် ကလေးငယ်တယောက်လိုဖြူစင်တဲ့အပြုံးလေးနဲ့ နုပျိုလှပလွန်း သူပင်။
သူမဟာ
ဦးလေးဖြစ်သူနှင့်တောစပ်မှာနေထိုင်ရင်း
သစ်ဉသစ်ဖုနှင့် ဆေးမြစ်တွေကို တူးဖော်ရောင်းချရင်း အသက်မွေးဝမ်းကြောင်းပြုနေရှာသည်။

"ကုကု သခင်ကြီးအတွက် ဆေးမြစ်လား?"

"ဟင်အင်းး ၊ မမကိုတွေ့ချင်လိုလာတာ!!"

အခုလိုပဲ သူနှုတ်ကဖွင့်ပြောရင်းမဆို ၊ အပြုအမူတွေနဲ့မဆို အစ်မမီဆိုကို သူသဘောကျကြောင်း ဖော်ပြပေမယ့် အစ်မဟာ အခုထိသူကို
မောင်လေးတယောက်လိုသာ ဆက်ဆံသည်။

သူထိခိုက်မူတွေရှိရင် ကုသပေးရင်းက
သူ့အစား နာကျင်ဝမ်းနည်းပေးသလို

သူရဲ့ပျော်ရွှင်မူတွေမှာလည်း ထပ်တူပျော်ရွှင်ခဲ့ပေမယ့် သူရဲ့ ခံစားချက်ကို မမက မသိကျိုးနွံပြုဆဲပင်။ အသက်ခြင်းခွာခြားမူက အရေးမကြီးကြောင်းနဲ့ အဆင့်အတန်းတွေဆိုတာကိုလည်း
သူခေါင်းထဲမထည့်ကြောင်းပြောပေမယ့်
လက်မခံ။

ဒီလိုအခြင်းအရာတွေကြောင့်
မမ မျက်နှာလေးကို တနေတခါမဆို
ဖူးမျှော်နေရုံလေးနဲ့သူကျေနပ်နေခဲ့ပေမယ့်....

ကံဆိုးမိုးမှောင်ကျသော နေ့ တနေ့
ရောက်ရှိလိုလာခဲ့သည်။

တိုင်းခန်းလှည့်လာခဲ့တဲ့ ရှင်ဘုရင်က မမမီဆိုကို မျက်စိကျသွားခဲ့သည်။
ဒီအကြောင်းအရာကိုသူသိခဲ့ရလို အလျင်အမြန်တားရင်းက ရဲမက်အချို့ရဲ့ အသက်ကိုချုပ်ငြိမ်းမိတော့ သူကို ဖမ်းဆီးခြင်းခံလိုက်ရသည်။

မင်းအမိန့်ကိုဖီဆန်သည့်အတွက် သေမိန့်ပါ
ချမှတ်ခြင်းခံထားရပေမယ့်
ဂျွန်အိမ်တော်ရဲ့ သားဖြစ်သည့်အပြင်
နိုင်ငံအတွက် တိုက်ပွဲတချို့၌ပါဝင်ခဲ့သည့်အတွက် နယ်နှင်ဒဏ်ကိုသာ ခံလိုက်သည်။

THE KING 👑Where stories live. Discover now