ထွက်သွားသင့်ပြီမို့ ခြေလှမ်းတို့ ဦးတည်ရာပြောင်းနေမိတုန်း ကြားလိုက်ရသည့်က
ခြေသံပြင်းပြင်း ။ထပ်ကြားလိုက်ရသည်က မောဟိုက်နေပုံရသည့်
အသက်ရူသံကျယ်ကျယ်။ဒီအတွက်သူမျက်နှာမူရာက ပြောင်းသွားမိချိန် မြင်လိုက်ရသည်မြင်ကွင်းကြောင့် မျက်လုံးတွေပင် ပြူးသွားရသည်။
"အင့်~~"
ဗေဒါရောင်ကောင်လေး~~
ပြေကျနေလျက်တဲ့ဆံသားတွေက ဖရိုမရဲဖြစ်နေသလို
ပြဲနေသောအဝတ်အစားတွေကြောင့်
အတွင်းသားတွေဟာ လစ်ပေါ်နေလျှက်ရှိသည်။
မိုးပြိုမတက်ကြောက်ရွံနေပုံရတဲ့ မျက်ဝန်းတွေဟာ လွှတ်လမ်းကို အသဲသန်ရှာဖွေနေပြန်သည်။"ဆော့ဂျင်!!"
သိထားလိုက်ရသည့် နမည်လေးကိုခေါ်လိုက်တော့ သူရှိရာဘက်သို့ မျက်နှာမူလာလေရဲ့။
ဒီအချိန်မှာဘဲ တာဝန်ကျရဲမက်တွေက ကောင်လေးကို ထွက်ပြေးလိုမရအောင် တားဆီးကြလေတော့ အကြောက်အကန်ကိုရုန်းနေရှာတော့တာ။ထိုသိုရုန်းနေရင်းက သူဘက်လှည့်ကြည့်လာတဲ့
မျက်ဝန်းတွေမှာ မျှော်လင့်ခြင်းတွေကို မြင်နေရတော့
ဘာကြောင့်မှန်းမသိ ဒီကောင်လေးအပေါ်
ဂရုဏာတွေသက်နေမိလာသည်။မျက်ဝန်းတွေကြောင့်များးလား?
ဟုတ်တယ် သူသိပ်ကိုရင်းနှီးခဲ့တဲ့ မျက်ဝန်းတွေနဲ့
တူလွန်းတဲ့ ဒီကောင်လေးက ..."လွှတ်ပေးလိုက်ကြစမ်း!!"
ခွမ်း~~
သေရည်ပုလင်းကိုပြစ်ပေါက်ပြီးနောက်
ထွက်ပေါ်လာသည်
အရှင်ကင်မ်၏ဩဇာသံပါသည်အမိန့်ကြောင့်
ကောင်လေးကိုချုပ်ကိုင်ထားသည့်ထားသည်လက်များ လွှတ်သွားသလို သူ့အတွေးများလည်းရပ်တန့်ကုန်၏ ။
ဇွဲကြီးသောကောင်ငယ်လေးကတော့ လွှတ်မြောက်ခွင့်ရရန်ကြိုးစားလေပြန်တော့...အရှင်ကင်မ်၏ ကြာပွတ်က ထိုလူသားငယ်၏
ကျောပြင်နုနုထံ~~သုံးကြိမ်ထက်မနည်း ရိုက်နှက်ခြင်းခံရအပြီးမှာ
ရှိုက်သံတောင် မထွက်တော့တဲ့ ကောင်လေးရဲ့
အဖြစ်ကိုကြည့်ရင်း သူရင်ထဲ ခံစားချက်မကောင်းသလိုဖြစ်လာခဲ့သည်။ဒီထက်မကသွေးထွက်သံယို တွေကို မြင်ခဲ့ဖူးတဲ့သူကလေ၊
ဒီထက်မက ညည်းပန်းမူတွေ ၊ သတ်ဖြတ်မူတွေကို သူကိုယ်တိုင်ပြုလုပ်ခဲ့သလို ၊ မျက်ဝါးထင်ထင်လည်း မြင်တွေနေဖူးတဲ့သူကလေ ။ဆံသားတွေမှအကြမ်းပတမ်းစောင့်ဆွဲရင်း
အိပ်ဆောင်ရှိရာသို့ တရွတ်တိုက်ခေါ်ဆောင်သွားရင်း ဒီထက်မက ညှင်းပမ်းချင်ပုံရသော
အရှင်ကင်မ် ~~နာကျင်မူတွေကိုအလူးအလဲခံစားနေရှာတဲ့
ကောင်ငယ်လေး~~ထိုမြင်ကွင်းကိုသူမျက်တောင်မခတ်ကြည့်နေမိတုန်း ကောင်လေးဆီမှ ကျလာခဲ့သော အရာလေးတခု ၊ ထိုအရာအားသူစူးစမ်းမည်ပြင်တုန်း
အရှင်ကင်မ်ဟာ သူကိုမြင်တွေ့သွားပြီးရှိနေသည့် ရဲမက်အစောင့်အားလုံးအား ရှင်းလင်းဖို့ အမိန့်ခြွေလာသည်။
ထိုအမိန့်ကိုသူနာခံပြီးသည်နောက်မှာတော့ ပြုတ်ကျခဲ့သည့်အရာလေးအား ကောက်ယူမိတော့~~လက်ပတ်လေးတခု~~
အဖိုးနည်းသည့်ကျောက်လေးတွေဖြင့်
မသေမသပ်ပြုလုပ်ထားသော လက်ကောက်လေးတခု
ထိုလက်ေကာက်လေးကိုသူကြည့်ရူလိုအပြီးမှာတော့ သူအတွေးတွေပိုလိုများလာခဲ့သည်။"ဘယ်လိုလုပ်ပြီး ဒီလက်ပတ်လေး
ဒီကောင်လေးမှာရှိနေရတာလဲ? ဒီလက်ပတ်လေးက
မမ မမ မီဆို~~ "~~~~
လွန်ခဲ့သော ဆယ်စုနှစ်လောက်က
သူနေခဲ့ဖူးသည့် အိမ်ေလးရှိရာသို့ ထွက်လာခဲ့ပေမယ့်
ပျက်စီးယိုယွင်းနေသော အဆောက်အအုံတခုကိုသာတွေ့လိုက်ရသည်။သူပြည်နှင်ဒဏ်ပေးခံရပြီးနောက်ပိုင်းမှာ
ဂုဏ်သိက္ခာတွေဖြင့်သာ အသက်ဆက်နေတဲ့
ဖခင်ဖြစ်သူဟာ ကိုယ်ကိုကိုယ်အဆုံးစီရင်သွားပြီး မိခင်ဟာ ထိုစိတ်နဲ့ပဲ ဖခင်နောက်လိုက်သွားခဲ့တယ်တဲ့လေ။ဆွေမျိုး?
ဆွေမျိုးတွေဆိုတာကို သူခေါင်းထဲကိုမထည့်ခဲ့မိဘူး ၊ ရှိတုန်း ကောင်းစားတုန်းသာ ဂရုစိုက်တဲ့ဟာတွေ~~
အခုလည်း သူမိဘရဲ့ ဉစ္စာပစ္စည်းတွေယူပြီး ကောင်းစားနေကြမှာပေါ့ သူကိုတော့ သေချာပေါက်မေ့သွားပြီတော့လေ။ကောင်းသော အမှတ်တရတွေနဲ့အတူ
ဆိုးဝါးတဲ့အမှတ်တရတွေရှိခဲ့တဲ့နေရာလေးတွေကိုလိုက်ကြည့်ရင်း တနေရာအရောက်~~အော်ဟစ်သံတွေနဲ့ ငိုယိုသံတွေ ကြားယောင်လာသည်။ ဒီအချိန်သူလက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားမိလိုက်တော့ လက်ပတ်လေးရှိနေသည်ကိုသတိထားမိသွားသည်။
"မင်းက ဘယ်သူလဲ?
မင်းဆီမှာဘာလို့ ဒီလက်ပတ်ရှိနေရတာလဲ?'._______________see you next episode 💓
YOU ARE READING
THE KING 👑
Fanfiction'' ဒီကောင်လေးရဲ့ ဇာတာကိုက တိုင်းပြည်ဖျက်မယ့် ဇာတာပါတာမို့~~~အရှင်မင်းမြတ်ရဲ့ဘေးနားမှာမထားသင့် ~~~~အားးး" ပရောဟိတ် ဆရာကြီး၏ စကားတောင်မဆုံးသေး အရှင်ကင်မ်၏ ဓားဒဏ်ကြောင့် ဦးခေါင်းနှင့် ခန္ဓာ သီးခြားဖြစ်သွားခဲ့ရတော့သည်။