သူတိုယ်တိုင်ဦးစီးတိုက်ခိုက်သိမ်းပိုက်သော
တိုက်ပွဲဖြစ်သည်မို့ ရဲမက်အပေါင်းအပါဟာ အားတက်သရော ဖြစ်နေကြသလို
သူမိန့်ခွန်းပြောကြားချက်ကြောင့် တိုက်ပွဲနိုင်လျှင်
ရရှိနိုင်မည့် ဆုလာဘ်တွေကြောင့် ပျော်ရွှင်မြူးတူးသွားကြသညါ။အိမ်ရှေ့စံ၏ လက်ဆက်ပွဲနေ့
ထိုနေ့ကို ပစ်မှတ်ထားကာ တိုက်ခိုက်သိမ်းပိုက်ခြင်းကို ပြုမူကြတော့ အလစ်အငိုက်မိသွားတဲ့
ထိုေဒသမှ ပြည်သူပြည်သားများနှင့် တော်ဝင်မျိုးနွယ်ဝင်များကို တရက်အတွင်း တစုတစီးထဲ ဖမ်းစီးမိသွားခဲ့သည်။လက်ဆက်ပွဲကျင်းပရာ နန်းတော်
ရင်ပြင်၏
အခြေအနေအရပ်ရပ်ကို လက်ချောင်းသွယ်"တွေကိုအနောက်ပြစ်ကာ
ကြည့်ရူနေသော အရှင်ကင်မ်ဟာကြေးနီရောင် အသားရည်ပိုင်ရှင်ဖြစ်သလို
မြင်မားလှသော အရပ်အမောင်းနှင့်အတူ
တောင်းတင်းလှတဲ့ ခန္ဓာကိုယ်အချိုးအစား
ကြောင့် နေရောင်အောက်တွင် ဝင့်ကြွားထည်ဝါစွာရှိနေခဲ့သည်။မျက်ခုံး ၊ မျက်လုံး လှပသူတဦးဖြစ်သလို
သေသပ်ပီရီစွာရှိသည်နှုတ်ခမ်းသား ၊ ချွန်မျှသည့် နှာတံရှိသည့် အရှင်ကင်မ်၌
တမူးထူးခြားတဲ့ အမူအကျင့်ရှိသည်က
သွေးညီနံ့~~သွေးညီနံ့တွေကို သဘောတကျရူရှိုက်ခြင်းပင်။
" သဘောကျတယ်~~ ဒီလိုလေထု ~~ ဒီလိုအနေအထားနဲ့ ဒီလို ပတ်ဝန်းကျင် အသစ်ကိုသဘောကျတယ် ~~"
ရှင်ဘုရင်စံမြန်းရာ ပုလင်ထက်သို့ ဦးတည်သွားနေသော အရှင်ကင်မ်ဟာ ပုလ္လင်ဘေး၌ ဒူးထောက်သည့်အနေအထားဖြင့်ရှိနေသော
သရဖူရှင်အား မှင်သေသေကြည့်နေသည်မို့
စစ်သည်တဦးမှ လက်စွဲတော် ဓားရှည်ကို ဆက်သလိုက်လေတော့။"ခင်ဗျားတို့ ဒေသက အတော်ကို စိုထိုင်းမူများတာပဲ
~~ လမ်းတွေလည်းအတော်ဆိုးတယ်
အခုပဲကြည့်
ဒီတိုက်ပွဲအတွက် ပြင်ဆင်လာတဲ့ ငါ ဖိနပ်
ဘယ်လိုညစ်ပေသွားပြီလဲဆိုတာ~~ "သွေးတွေ ၊ဖုန်တွေဖြင့် ပေကာ အတော်လေးညစ်ပေနေသည့် ဖိနပ်ကို သရဖူရှင်အရှေ့တိုးပေးလိုက်သည်။ သို့ပေမယ့် စူးစူးရဲရဲသာ ကြည့်နေသေးသည်မို့

YOU ARE READING
THE KING 👑
Fiksi Penggemar'' ဒီကောင်လေးရဲ့ ဇာတာကိုက တိုင်းပြည်ဖျက်မယ့် ဇာတာပါတာမို့~~~အရှင်မင်းမြတ်ရဲ့ဘေးနားမှာမထားသင့် ~~~~အားးး" ပရောဟိတ် ဆရာကြီး၏ စကားတောင်မဆုံးသေး အရှင်ကင်မ်၏ ဓားဒဏ်ကြောင့် ဦးခေါင်းနှင့် ခန္ဓာ သီးခြားဖြစ်သွားခဲ့ရတော့သည်။