AN : past conversations are in bold.
........
Kiss me in the seat of your Rover
Real sweet, but I wish you were sober........
တီ..တီ
ကျယ်လောင်စွာ မြည်လာတဲ့ ဖုန်း ringtone သံကြောင့် နိုးလာရချိန် အိပ်ရာဘေး စားပွဲခုံပေါ်က နာရီကိုကြည့်လိုက်မိတော့ 9 နာရီ ထိုးကြောင်း ညွှန်ပြနေပြီ။
မနက်ဆို 6 နာရီထကာ အားကစားလုပ်တတ်သည့်အကျင့်ကို တစ်ကြိမ်တစ်ခါမျှ မပျက်ကွက်ဖူးသော်ငြား.. ဒီနေ့မှာတော့ နောက်ကျမှ ထတာတောင် အိပ်ရေးမဝချင်သေး။
QuBing 🐶
Contact name နေရာမှာ စစနောက်နောက် မှတ်ထားသည့် နာမည်ပြောင်တစ်ခု ပေါ်နေတာကြောင့် မျက်နှာဟာ ပူရှိန်းတက်လာရသလိုလို။
အတွေးပေါင်းစုံနှင့် မိုးလင်းခါနီးမှ အိပ်ပျော်သွားရအောင် လုပ်တဲ့ တရားခံကို ပြန်မဖြေဘဲ ဖုန်းကျသွားတဲ့ထိ ထိုင်စောင့်နေလိုက်တော့ ထပ်မံခေါ်လာပြန်၏။
တစ်ခါ၊ နှစ်ခါ၊ သုံးခါ.. ဆက်တိုက် ဝင်လာနေတဲ့ Phone Call တို့ကြောင့် ဖုန်းကို Silent လုပ်ထားလိုက်ရသည်။ စောင်ကို ခေါင်းထိဆွဲခြုံကာ ပြန်အိပ်ဖို့ ကြိုးစားလိုက်တော့လည်း မျက်စိကြောင်နေ၏။
Kinda wish he weren't drunk..
မူးမနေခဲ့ရင် အနည်းဆုံးတော့ စိတ်ရင်းဟုတ်မဟုတ် ခေါင်းရှုပ်စရာလိုမှာမဟုတ်ဘူး။
ရုပ်ရှင်ဆန်ဆန် အရက်မူးနေလို့ ညက အဖြစ်အပျက်ကို မမှတ်မိဘူးဟု ဆိုလာခဲ့ရင် ဘယ်လိုလုပ်မလဲ။
မှတ်မိနေခဲ့မည်ဆိုလျှင်လည်း ဘာလုပ်ရမည်မသိပေ။
မည်သို့ပင်ဆိုစေ ဂယူဘင်းနဲ့ မျက်နှာချင်းဆိုင်တွေ့ဖို့ သတ္တိ အလုံအလောက်မရှိသေးချေ။
အိပ်မရသည့်အတူတူ အိပ်ရာမှထကာ မျက်နှာသစ်လိုက်ရတော့၏။ ဖုန်း screen မှာ ပေါ်လိုက်ပျောက်လိုက် ဖြစ်နေတဲ့ နာမည်ဟာလည်း နာရီဝက်တစ်ခါ၊ ထို့နောက် တစ်နာရီခြားတစ်ခါ။
YOU ARE READING
830 x 520 zone : Shimkongz
Fanfiction・one shots inspired by songs ・Gyuvin x Ricky ・written in burmese