03. i don't want you like a best friend

1.7K 126 65
                                    

! Content !
Friends with benefits

........

I woke up just in time
Now I wake up by your side
My hands shake, I can't explain this

........

: 04z duo က ချစ်ဖို့ကောင်းချက်

: တကယ့် ကြောင်နဲ့ကြွက်

: သူငယ်ချင်းအတွဲ ㅋㅋㅋ

Comments တွေကို ဖတ်ကြည့်နေတဲ့ ဂယူဘင်း၏ မျက်နှာပေါ်၌ အပြုံးတို့က နေရာယူလာရသည်။

Screen ပေါ်ရှိ လှုပ်ရှားသက်ဝင်နေတဲ့ video မှာတော့ ရစ်ခီနဲ့ ဂယူဘင်း အတူတူ လှေလှော်နေကြရင်း ရိုးရာမပြတ် ရန်ဖြစ်နေကြလေ၏။

"ရစ်ခီ မင်း အားပျော့လိုက်တာ"

"ဘယ်ကသာ! မင်းကမှ အားပျော့တာ"

နှစ်ယောက်သား လှော်တက်ကိုယ်စီဖြင့် အားကြိုးမာန်တက် လှော်ခတ်နေကြသည့်တိုင် အကွာအဝေး မရွေ့သွားတဲ့ လှေလေးဟာ ရေလယ်ခေါင်မှာတင် ချာချာလည်လေသည်။ ထို့ကြောင့် အပြန်အလှန် နှုတ်စကားဖြင့် အပြစ်တင်နေကြခြင်း။

လက်နှစ်ဖက်အား လှေလှော်ရန်အတွက် အသုံးပြုမနေရပါလျှင် တစ်ယောက်ကို တစ်ယောက် ထကန်နေကြလောက်ပြီ ဖြစ်ပါ၏။

အတိတ်စာမျက်နှာကို ပြန်လှန်ရပါက ရစ်ခီနဲ့ ဆယ့်ခြောက်နှစ်သား အရွယ်လောက်ထဲက စတွေ့ခဲ့တာပင်။ Company တစ်ခုတည်းမှာ trainee တူတူဆင်းခဲ့ကြတဲ့ နှစ်ယောက်ဟာ အခုဆို ၂၄ နှစ် ကိုယ်စီ ပြည့်ခဲ့ကြပြီ။

စတွေ့ချင်းမှာတော့ လူမျိုးမတူတဲ့အပြင် ကိုရီးယားစကား မကျွမ်းသေးတဲ့ တရုတ်လေးဟာ လူအေးလေးမို့ စကားစပြောဖို့ ရှိန်ခဲ့ရသေးသည်။

သို့သည့်တိုင် သူဌေးသားလေးနှင့် သူငယ်ချင်းဖြစ်ချင်လှသော ဂယူဘင်းကပဲ အင်္ဂလိပ်လို မရမကပြောရင်း မိတ်ဆွေဖွဲ့ခဲ့ရသည်။ ဆိုးတော့မဆိုးပါဘူး ရှန်ရစ်ခီကို အကြောင်းပြပြီး ဂယူဘင်းရဲ့ အင်္ဂလိပ်စာစကေးတွေ တိုးတက်လာရသည် မဟုတ်ပါလား။

ဘာသာစကား အခက်အခဲရှိသည့်တိုင် 2004 born ချင်းတူတာမို့ သက်တူရွယ်တူ စိတ်ချင်းတူကြသည် ထင်သည်။ တစ်ခဏချင်းပင် မခွဲနိုင် မခွါနိုင် ရန်ဖြစ်လိုက် ပြန်တည့်လိုက်နှင့် နှစ်ကာလတွေကို အတူဖြတ်သန်းခဲ့ကြသည်ဆိုပါတော့။

830 x 520 zone : ShimkongzWhere stories live. Discover now