05. strawberry or me ?

608 85 15
                                    

It's me or the PS5
Tell me how you wanna spend your night?
Three's feeling way too tight
So if it's not me, then
I'm probably gonna run it over

........

ရစ်ခီရှန်ဟာ ဟုတ်ကို မဟုတ်တော့တာပါ။

မျက်နှာလေးက ချောလို့ လှလို့ ချစ်ဖို့ကောင်းလွန်းလို့ သူ့လုပ်ပုံတွေကို ကြည့်ကောင်းတိုင်း ထိုင်ကြည့်နေတယ်များ ထင်နေလား မသိ။ တော်တော်ကိုမှ လွန်နေပြီ ဖြစ်သည်။

"သရက်သီးလား ငါလား"

အခုလည်း ကြည့်..

"သရက်သီးနဲ့ငါ တစ်ခုရွေး"

မရွေးဘူးကွာ ဟု စိတ်ဝိဉာဉ်က အော်ဟစ်နေသည့်တိုင် ပါးစပ်က ပွင့်ထွက်မလာ။ ကိုယ်စောင့်နတ်ကတောင် ရှန်တရုတ်ကို ကြောက်နေသည်ထင်ပါရဲ့။

"အချစ်လေးနဲ့ သရက်သီး ယှဉ်စရာလား"

"Then pick one"

အတည်ပေါက်ကြီး မေးနေသော ရှန်ချွမ်းရွေ့ကြောင့် ခေါင်းတောင် ကိုက်ချင်သွားသည်။ စောနလေးက ဟန်ဘင်းဟျောင်း ဝယ်လာပေးတဲ့ သရက်သီးတွေကို စားနေတုန်း စာမေးပွဲစစ်ခံလိုက်ရသလို။ ပါးစပ်ထဲ ရောက်ပြီးသား သရက်သီးတုံးလေးမှာ ဗိုက်ထဲ ဆက်ဆင်းရမလား၊ အပြင်ပြန်ထွက်ရမလား ဝေခွဲမရဖြစ်သွားရသည်။

မေးခွန်းသတ်တယ်ဆိုတာ ဒါမျိုးနေမှာ။

"သရက်သီးကို မြင်တော့ မင်းမျက်နှာက ပြုံးရွှင်သွား
လိုက်တာများ အချစ်ဦးနဲ့ ပြန်တွေ့တာကျလို့..
ငါ့ကို မြင်ရင်တောင် အဲ့လောက် မပျော်သလိုပဲ"

ဟောဗျာ.. ဟုသာ တမိသည်။

အဓိပ္ပာယ်မရှိတာတွေ မေးတိုင်း ဂယူဘင်း စိတ်ညစ်ရသည်။ သူ စိတ်တိုင်းကျမယ့် အဖြေကို ဦးနှောက်စားရတာ တစ်လုပ်။ အဖြေကို မကြိုက်နှစ်သက်တော်မူလို့ စိတ်ကောက်သွားရင် ပြန်ချော့ရတာ တစ်လုပ်။

MBTI က T ဆိုတာ ဟုတ်ရော ဟုတ်ရဲ့လား..
သံသယဖြစ်မိလာပြီ။

"ရစ်ခ်ရာ ကိုယ် မင်းကိုဘယ်လောက်ချစ်လဲ
သိရဲ့သားနဲ့.. ရွေးဖို့ လိုသေးလို့လား"

"ရွေးစရာရှိတာ ရွေးပါ"

ငရစ်ကောင်၏ ခါးလေးကို ဖက်ကာ ပါးနုနုကို ရွှတ်ခနဲ နမ်းလိုက်တော့ ဂယူဘင်းကို တွန်းထုတ်လာသူ။ အခြေအနေက ဒီလောက်ကြီးတောင် serious ဖြစ်နေတာလား။

830 x 520 zone : ShimkongzWhere stories live. Discover now