Unicode
ပြဿနာ # 1 : ရန်ရှုက အရင်က ထိပ်တန်းဖျော်ဖြေသူတစ်ယောက် ဖြစ်တယ် အခုတော့ နှစ်တွေကြာလာတာနဲ့အမျှ သူနာမည်မကြီးတော့တာ ဝမ်းနည်းစရာပါပဲ
ဖန်တွေက ရန်ရှုလုံးလုံးလျားလျား ပျက်စီးသွားမှာကိုစောင့်နေကြတာနဲ့အမျှ မျိုးဆက်သစ်အငယ်တွေကလည်း မီးမောင်းထိုးပြလာကြတယ်
ဒါပေမယ့် အဲ့တာက တစ်နေ့နဲ့တစ်ညပါပဲ သူကhot searchပေါ်မှာ ပြန်နာမည်ကြီးလာပြန်တယ် ဒါပေမယ့် သတင်းကတော့ နည်းနည်း ထူးဆန်းတယ်
# ရန်ရှုက ညသန်းခေါင်မှာ ကြောင်လေးတစ်ကောင်ကို ကယ်လိုက်ပြီး မတော်တဆမှုဖြစ်သွားခဲ့တယ်
# Hatersတွေသူ့ကိုဆူပြီးတဲ့နောက်မှာ အင်တာနက်ကဆရာကြီးတွေက သူ့ကိုမရပ်မနား တိုက်ခိုက်လာကြတယ်ပြဿနာ # 2 : လူတော်တော်များများက ရန်ရှုမှာ ရည်းစားဟောင်းရှိတာကိုသိကြတယ် ဒါကြောင့် သူရဲ့ပြိုင်ဖက်တွေက သူ့ရည်စားဟောင်းရဲ့ သရုပ်မှန်ကို သွားရှာကြတယ် ဒါမှ သူတို့တွေက သူ့ကို(ရန်ရှု) ကိုတိုက်ခိုက်လို့ရမှာလေ ဘယ်သူက သိမှာလဲ? ဒီလိုလုပ်တာက လူတွေကို သူတို့သွားမရှုပ်သင့်ဘူးဆိုတာ သတိပေးလိမ့်မယ်လို့?
ရန်ရှုက သူဟာsingleပါဆိုတာကို တရားဝင်ချပြလိုက်ပြီး ရက်အနည်းငယ်အကြာမှာပဲ အရက်မူးပြီး သူ့ဖုန်းနဲ့liveလွှင့်နေခဲ့တယ် ပြီးတော့ သူက စန်းရှန့်ရဲ့အိမ်ကို ဗလုံးဗထွေးတွေပြောပြီး ဝင်သွားတယ်
"လောင်ကုန်း သူတို့ကိုမင်းရဲ့ရင်ဘတ်ကြွက်သားတွေပြလိုက်! မရှက်ပါနဲ့ ငါ့ဖန်တွေက သူစိမ်းတွေမဟုတ်ဘူးလေ"
ဒါက သူပြောထားတာနဲ့ တခြားစီပဲ
နောက်နေ့မှာ သူ့ဖန်တွေက သူ့ကားကို ချက်ချင်းဝိုင်းလာကြတယ် ဒါပေမယ့်အဲ့အချိန်မှာ သူတို့ဟာ ရဟတ်ယာဉ်တစ်စီးက အဆောက်အဦးရဲ့ခေါင်မိုးမှာ ဆင်းခဲ့ပြီး ရန်ရှုက အဲ့ရဟတ်ယာဉ်ရဲ့ ထွက်သွားခဲ့တာကို မြင်ခဲ့ကြရတယ်
နောက်တော့ ရန်ရှုကပြောတယ်
"ငါsingleပါလို့ ထုတ်ပြန်တုန်းက ငါကတကယ်singleဖြစ်နေခဲ့တာပါ မင်းတို့အားလုံး အသေးစိတ်လေးတော့ ဖတ်သင့်တယ်လေ"
YOU ARE READING
RomanceName : Why Don't You Coax Me? Alternative name : 怎么还不哄我[娱乐圈] Originally Author : 墨西柯 (Mo Xi Ke) Original Publisher: jjwxc English Publisher : N/A Status in COO : 72 chapters + 19 extra(completed) I don't own this fiction(novel).I'm just a translato...